ကျွန်တော်၏ မိတ်ဆက်စကား
ကျွန်တော်သည် IT နည်းပညာပိုင်းတွင် တတ်လွန်း၊ သိလွန်းလို့ လဲ မဟုတ်ပါ။ ITနည်းပညာကို စူးစမ်းလေ့လာနေသူ တယောက်သာဖြစ်ပါသည်။ ကျွန်တော်တို့  မြန်မာ IT သမားများ အနေနှင့် မြန်မာနိုင်ငံကို တကယ်ပင် IT နည်းပညာ ဖွံဖြိုး တိုးတက် စေချင်သည်ဟု ရည်ရွယ်ထားပါက ကိုယ်ကိုတိုင်ကလည်း လေ့လာမှု၊ လေ့ကျင့်မှု အားကောင်းဖို့ လိုသလို ကိုယ်ရထားတဲ့နည်းပညာကို ပြန်လည် မျှဝေပေးဖို့ ၊ တဦးနှင့်တဦး ပညာချင်း နှီးနှော ဖလှယ်ဖို့ လည်း ၀န်မလေးဖို့လိုပါသည်။
ကဲ... ဒါဆိုရင် ကျွန်တော်တို့ ရဲ့ Sharing လေး စလိုက်ကြရအောင်နော်...
Clients Cannot Login to Domain Server ERROR
ကိုညီညီထွေး မေးထားတဲ့  Computer problem ကို ပို့ စ် တစ်ခုအနေဖြင့် တင်ပြလိုက်ပါသည်။
nyinyihtway: ကိုညီရေ .... ကျွန်တော့်စီမှာ စက်တွေကို domain ချိတ်ပြီး သုံးထားတယ်...။ အဲ့ဒါကို ကျွန်တော် workgroup ပြောင်းချိတ်ပြီးသုံးလိုက်တယ်..။ အခုထပ်ပြီး domainပြန်ချိတ်တော့ error လာပြနေတယ်။ လက်ရှိcomputer name အတိုင်းdomain ချိတ်လို့မရဘူး ဖြစ်နေတယ်.. computer name ပြောင်းလိုက်ရင်တော့ domain ကချိတ်လို့ရတယ်... အဲ့ဒါဘာလို့လဲ အကို ကျွန်တော်က computer name ကိုလဲမပြောင်းချင်ဘူး၊ လက်ရှိနာမည်အတိုင်းပဲ သုံးချင်တယ် server မှာသွားပြင်ရမှာလား၊ ဘယ်လိုလုပ်ရမလဲဆိုတာကူညီပါအုံး အကို ........။
Ans: ဟုတ်ကဲ့ ... ကိုညီညီထွေးရေ... အကိုဖြစ်နေတဲ့  Error က Domain Error ဖြစ်ဖို့ များပါတယ်။ ဒီလို ERROR Message ကျလာတာမလား။
" Windows cannot connect to the domain either because the domain
controller is down or otherwise unavailable, or because your computer
account was not found. Please try again later. If this message
continues to appear contact your System Administrator for assistance. "
ဒါဆိုလျှင် အကိုရဲ့  Client စက်၏ Network Card မှာ သေချာအောင် DNS Server Address ကို သေချာပေးထားမိရဲ့ လား၊ မှန်ရဲ့ လားလို့  ပြန်စစ်ပေးပါအုန်း။
နောက်တစ်ဆင့်။ ( Windows Server 2000 or 2003 တွင်လုပ်ပေးရန်။ )
Start>>> Administrative Tools>>> Active Directory Users and Computers ထဲကိုရောက်အောင်သွားပါ။ ကိုယ့်၏ Domain အောက်က Computers ကိုရွေးပါ။ အဲဒီထဲမှာ Server နဲ့ ချိတ်ဆက်သုံးနေတဲ့  Client Computer List ကိုတွေ့ ပါလိမ့်မယ်။ အဲဒီထဲကမှ ကိုယ်ချိတ်ဆက်လို့ မရတဲ့  Computer Name ကိုရှာပါ။ Reset (or) Delete လုပ်ပါ။ ( Client အားလုံးမှာ လိုက်ဖြစ်နေရင်တော့ အကုန်လုံး Delete လုပ်ပစ်ရမှာပေါ့။ )
နောက်တစ်ဆင့်။ ( ချိတ်ဆက်၍ မရသော Client တွင်လုပ်ရန်။ )
မိမိ၏ Client ကို Domain Server နဲ့ မချိတ်ပဲ။ Client ၏ administrator level account တစ်ခုခုနဲ့ Locally logon ၀င်ပါ။ ပြီးလျှင် System Properties ကို ခေါ်ပါ။ Computer Tab ကိုရွေးပြီး Change လို့ ပြောပါ။ လက်ရှိ Domain ချိတ်ဆက်နေတာကို Workgroup အဖြစ်ပြန်ပြောင်းလိုက်ပါ။ OK နဲ့ ထွက်ပါ။ ပြီးလျှင် Client စက်ကို restart ချပါ။ ( မှတ်ချက်။ ။ Client ၏ Computer Name ကို ပြောင်းပေးစရာမလိုပါ။ ) စက်ပြန်တက်လာပါက System Propeties ထဲက Computer Tab ကိုပြန်ဝင်ပါ။ Change Button ကတဆင့် Workgroup ကို Domain ပြန်ပြောင်းလိုက်ပါ။ OK နဲ့ ထွက်ပါ။ Restart ပြန်ချလိုက်ပါ။ စက်ပြန်တက်လာလျှင် Domain Server ကိုချိတ်ကြည့်လိုက်ပါ။ အိုကေလို့  စိုပြေသွားပါပြီ။ နောက်ပိုင်းတွင်လည်း ကွန်ပျူတာတွေကို Workgroup အနေနဲ့ ပဲ သုံးသုံး၊ Domain အနေနဲ့ ပဲ သုံးသုံး ကြိုက်သလို အသုံးပြုလို့ ရပါပြီ။ ဒီထက်ပိုပြီး အသေးစိတ်သိချင်ပါက
( http://www.mydigitallife.info/2006/10/09/unable-to-logon-to-win2003-domain-ad-due-to-windows-cannot-connect-to-the-domain-error/ ) OR (support.microsoft.com)
သို့ သွားရောက်လေ့လာနိုင်ပါသည်။
( မှတ်ချက်။ ။ ဤပြဿနာသည် များသောအားဖြင့် Same Network အတွင်းမှာ Client က Domain Server ကို လှမ်းချိတ်နေစဉ် Duplicate Name or Same Computer Name တိုက်သွားလို့ ဖြစ်ပါတယ်။ )
ရေးသားသူ - ကိုညီ (18.6.2009)
Google Tips
ွGoogle က ဒီလိုစွမ်းတာဗျ။ မိတ်ဆွေတို့  ဘယ်နိုင်ငံရဲ့ စံတော်ချိန် ဘယ်လောက်ရှိပြီ လဲဆိုတာကို သိချင်ရင် ဒီလိုကလေးရှာကြည့်လိုက်ဗျ။
အဲဂလိုလေးရိုက်ရှာလိုက်တာနဲ့ ... Google ကဒီလိုဖြေတယ်ခင်ဗျ...
မိတ်ဆွေရဲ့  လက်မှာ ပတ်ထားတဲ့ နာရီကို ကိုယ်နိုင်ငံရဲ့ စံတော်ချိန်နဲ့  ကိုက်ရဲ့ လားလို့  ဒီလိုကလေးစစ်ကြည့်လိုက်ပါအုန်း။
what time is it myanmar
မိုက်တယ်နော်... Google က မလိမ္မာဘူး... ဒါတင်မကဘူး Google က ငွေကြေး Currency Converter အဖြစ်လဲ အလုပ်လုပ်ပေးပြန်တယ်ခင်ဗျ။
ဒီလို လေးရိုက်ကြည့် ...
1 usd in yuan
လို့ ရိုက်လိုက်မယ်ဆိုရင်... တစ်ဒေါ်လာမှာ တရုတ်ငွေ ဘယ်လောက်နှင့် ညီမျှတယ် ဆိုတာကို Google က တွက်ချက်ပေးပါတယ်။
Thai ( 1 usd in bath ) , Japanese ( 1 usd in yen )
နောက်ထပ်လည်း Google မှာ စမ်းသပ်ရှာဖွေကြည့်လို့ ရပါသေးတယ်ခင်ဗျာ။ ဥပမာ- တစ်နှစ်မှာ ရက်ပေါင်း ဘယ်နှစ်ရက်ရှိတယ်။ ( days in a year )
တစ်နှစ်မှာ မိနစ်ပေါင်း ဘယ်နှစ်မိနစ်ရှိတယ်။ ( minutes in a year )
တစ်နှစ်မှာ နာရီပေါင်း ဘယ်လောက်ရှိတယ်။ ( hours in a year ) သြော်... ဒါကြောင့်လည်း လူတွေက Google မှ Google ဖြစ်နေကြတာလို့ ... ပြောကြားရင်း Google Tips လေးတွေကို ပြောပြတဲ့ ကိုဖြိုးငြိမ်းကို အထူးကျေးဇူး တင်ပါသည်။
Kaspersky AND Google Talk
Kaspersky Anti-Virus သုံးသော မိတ်ဆွေတို့ စီမှ... Gtalk Voice Call လို့ မရပါဘူးဆိုတဲ့  သတင်းကို မကြာခဏကြားနေရပါတယ်။ တကယ်လည်း Kaspersky anti-virus တင်ထားသည့်စက်မှာ Gtalk Voice ခေါ်လို့ မရတာကို တွေ့ ကြုံ ခဲ့ရပါတယ်။ ကျွန်တော့်အသိ အမတစ်ယောက်က ပြောပါတယ်... "ငါကတော့ Gtalk Voice Call တော့မယ်ဆိုရင် အရင်ဦးဆုံး Kasper ကြီးကို Disable လုပ်ပစ်လိုက်တာပဲတဲ့ ။ အဲလို လုပ်မှလည်း Gtalk Voice ခေါ်လို့ ရတယ်လို့ ပြောပါတယ်။" ဒီနည်းက Gtalk Voice Call ဖို့ အတွက် အစင်ပြေသွားစေပေမဲ့  နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ အချိန်မရွေး ကိုယ့်ရဲ့ စက်ကို Virus ၀င်ဖို့ လမ်းဖွင့်ပေးသလို ဖြစ်သွားပါတယ်။ ဒါကြောင့်မလို့  Gtalk Voice Call လည်းအစင်ပြေအောင်၊ Kasper လည်း Disable လုပ်စရာမလိုအောင် ကျွန်တော်ကတော့ ဒီလိုနည်းနဲ့ ဖြေရှင်းလိုက်ပါတယ်။ မိတ်ဆွေတို့ လည်း စမ်းကြည့်စေချင်ပါတယ်။
Kaspersky ၏ Settings ထဲကို ၀င်ပါ။ Threats and Exclusions ဆိုတဲ့ ခေါင်းစဉ်ကို တွေ့ အောင်ရှာပြီးဝင်လိုက်ပါ။ ပြီးလျှင် Trusted Zone ကိုသွားပါ။ အဲဒီထဲက Trusted Applications Tab ကိုရွေးပါ။ Add မှာတစ်ချပ်နှိပ် Applications မှတစ်ဆင့် Gtalk ရှိသည့် လမ်းကြောင်းကို ရွေးချယ်ပေးလိုက်ပါ။ ပြီးလျှင် OK နဲ့ ထွက်လိုက်ပေါ့။
ဒါဆိုရင် Gtalk နဲ့  Kasper ကိုတွဲသုံးလို့ ရပါပြီ။
ရေးသားသူ - ကိုညီ (8.6.2009)
ကျွန်တော်၏ လက်ဆောင်
ကျွန်တော်အခုလို ခေါင်းစဉ်တက်လိုက်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော့်မှာ မိတ်ဆွေတို့ အတွက် တကယ်လိုအပ်မယ်၊ အသုံးဝင်မယ်ထင်တဲ့  Software လေးတခုကို လက်ဆောင်အဖြစ်ပေးချင်လို့ ပါ။ ဘယ်လိုလဲ... သိချင်နေပြီမလား... RapidShare မှာတင်ထားတဲ့ တန်ဖိုးရှိလှတဲ့ software, ebook, etc., စတာတွေကို Premium Account မရှိဘဲနဲ့ ယူလို့ ရတယ်ဆိုရင် မိတ်ဆွေတို့ ဘယ်လိုလဲ... ဒီလောက်ဆိုရင်သိပ်အများကြီးပြောဖို့ မလိုတော့ဘူးပေါ့နော်... ကဲ... အခုပဲအောက်မှာ ပေးထားတဲ့ လင့်ကနေတဆင့် Download လုပ်ပြီး လိုချင်သမျှကိုသာ အားမနာတမ်းယူကြတော့ဗျို့ ...
ရေးသားသူ - ကိုညီ (29.5.2009)
Switch Your IE Proxy Settings Using IE Proxy Manager
အခုတင်ပြသွားမဲ့အကြောင်းအရာလေးကတော့ မိတ်ဆွေတို့ အသုံးပြုနေသည့် IE (Internet Explorer) Browser ကို လျှင်မြန်စွာဖြင့် Proxy Change ပေးနိုင်မည့် Software လေး အကြောင်းဖြစ်ပါသည်။ ကိုယ်အသုံးပြုထားတဲ့ အင်တာနက်က Proxy Address ထည့်သွင်းရမည့် ISP မျိုးတွေနဲ့  ချိတ်ဆက်ထားမည်။ သို့ မဟုတ် ကိုယ့်၏ ရုံးအတွင်း၊ လုပ်ငန်းအတွင်း ( Local Proxy Server ) ထောင်ထားမည်။ ဒါဆိုလျှင် သူတို့ ကို ကိုယ့်၏ IE Proxy Settings မှာ အသုံးပြုချင်လျှင် အမြဲတန်း ၀င်ဝင်ပြင်နေရမည်။ အချိန်ကုန်မည်။ အလုပ်ရှုပ်သည်။ ဒါကိုအလုပ်မရှုပ်ချင်လျှင် IE Proxy Manager ကိုသုံး၍ လျှင်မြန်စွာ ပြောင်းလဲအသုံးပြုနိုင်ပါသည်။
- IEProxySetupv.rar ကိုယူပါ။ ကိုယ်အသုံးပြုမည့် စက်တွင် Install လုပ်ပါ။
- Double Click နှိပ်၍ ဖွင့်ပါ။ Task Bar ၏ ညာဘက်အစွန်းပိုင်းတွင် run နေပါမည်။
- ထိုသို့  Run နေသော icon ပေါ်တွင် Right click >>> Add Proxy ကိုရွေးပါ။
- ကိုယ်အသုံးပြုမည့် Proxy Address များကိုစတင်ထည့်သွင်းနိုင်ပါပြီ။
- ထို့ နောက် မိမိထည့်သွင်းပြီးသား Proxy Address များကို Set Proxy ကတဆင့် အလွယ်တကူ ပြောင်းလဲသုံးနိုင်ပါပြီ။
- Proxy Address အသုံးမပြုလိုပါကလည်း Disable Proxy ကို ရွေးနိုင်ပါသည်။
ရေးသားသူ - ကိုညီ ( 15.5.2009 )
Dispaly Message for User Before Windows Logon Screen
INTERNET JOURNAL မှာဖတ်လိုက်ရတဲ့  ထဲက တစ်ခုကို ပြန်လည်ဖောက်သည် ချလိုက် တာပါခင်ဗျာ။ အင်တာနက်ဂျာနယ်မှာ... မေးထားတဲ့သူက - ကိုယ့်ကွန်ပျူတာကို ဖွင့်သုံးချိန်မှာ ကွန်ပျူတာ၏ Windows Logon Screen မတိုင်ခင် Short Message ပေးထားချင်ပါတယ်တဲ့ ပေးလို့ ရပါသလားလို့မေးထားပါတယ်။ ဒီလိုပေးထားလို့ ရလျှင်ဖြင့် ကိုယ့်စက်ကို လာသုံးမည့် သူအတွက် မှာထားချင်တာတွေ၊ သတိပေးချင်တာတွေကို သူကွန်ပျူတာမသုံးခင်မှာ တွေ့ မြင်နိုင်မှာဖြစ်ပါတယ်။
ဖြေကြားသူက - Windows Logon Screen မတိုင်မှီမှာ Short Message ရေးသားထားလို့ ရပါတယ်တဲ့။ Registery ထဲမှာ သွားရေးရမှာပါ။ ဒါဆို ကျွန်တော် တို့ ဝင်နေကြအတိုင်းပဲ... Run Box ( Start>>run ) ကိုခေါ်ပြီး regedit လို့ ရိုက် ပါ။ Registry ထဲကိုရောက်လျှင်ဖြင့်...
My Computer\HKEY_LOCAL_MACHINE\SOFTWARE\Microsoft\ Windows NT\CurrentVersion\Winlogon
အပေါ်မှာရေးပြထားတဲ့ အဆင့်အတိုင်းအရင်ဦးဆုံးရောက်အောင်သွားပါ။ ပြီးလျှင် LegalNoticeCaption ဆိုသည့် reg file လေးကိုရှာပါ။ တွေ့ လျှင် Double Click နှိပ်ပါ။ Value Data မှာ ကိုယ်ဖော်ပြစေချင်၊ သိစေချင်သည့် စာသားအတိုကို ရိုက်ပါ လို့ ဖြေပြသွားပါတယ်။ ယခုပြောသွားတဲ့အဆင့်တွေမလုပ်ခင်မှာ... Registry Backup ကြိုပြီးလုပ်ထားသင့်ပါတယ်။ ဒါကလည်း Registry ထဲကို ၀င်ပြင်ရတဲ့ လုပ်ငန်းဖြစ်နေသည့်အတွက် ကြိုတင် Backup လုပ်ထားသင့်တဲ့အချက်တခုပါ။ ပြီးလျှင်တော့ Restart ချလိုက်ပါ။ Windows အတက်မှာ Short Message ကျလာတာကို တွေ့ ရပါပြီ။
ရေးသားသူ - ကိုညီ ( 13.5.2009 )
File Splitter and Joiner ( FFSJ v3.3 )
INTERNET မိတ်ဆွေတို့ အတွက် ဒီ File Splitter and Joiner ( FFSJ ) Software လေးက အသုံးတည့်မှာပါ။ ဘယ်လိုအသုံးတည့်နိုင်သလဲဆိုတော့... မိတ်ဆွေတို ကျွန်တော်တို့ မှာ Online ကနေတဆင့် Big File တွေ၊ Software တွေ၊ Video File တွေကို ပေးပို့ ရတယ်အခါမျိုးမှာဆိုရင် အရမ်းကိုအသုံးဝင်သွား ပါပြီ။ ဘာကြောင့်လဲဆိုတော့... သူက ဘယ်လောက်ကြီးမားတဲ့ Data တွေပဲဖြစ်ဖြစ် လိုချင်သလောက် ပိုင်းခြားပလိုက်လို့ ရပါတယ်။ ဥပမာဗျာ... ကျွန်တော်က Online ကနေတဆင့် 1 GB လောက်ရှိတဲ့ Data ကို ပို့ ချင်တယ်ဆိုပါစို့ ... ဒီ 1 GB လောက်ရှိတဲ့ Data ကြီးကို ဘယ်လိုလုပ် တစ်ခါတည်း Upload လုပ်လို့ ရပါ့မလဲ။ (ဘန်းကျော် နိုင်ငံကနေဆိုလျှင်ပြောပါတယ်) ဒါဆိုရင် ဒီ Data ကြီးကို သူ့ အပိုင်းလိုက်ခွဲပို့ မယ်ဆိုရင်တော့ အစင်ပြေမသွားဘူးလား... ဒါကို ကျွန်တော်က ဆိုလိုချင်တာပါ။ အဲ... တခုတော့ရှိတယ် Data တွေကို ခွဲခြမ်း စိတ်ဖြာပြီးမှ ပို့ လိုက့်တာဖြစ်တဲ့အတွက် လက်ခံတည့်သူအနေနဲ့ ကတော့ အရင် Orginal Data အတိုင်းဖြစ်လာအောင်တော့ ပြန်ဆက်ပေးဖို့ တော့လိုတာပေါ့။ အဲလိုပြန်ဆက်ဖို့ အတွက်ကလဲ ဒီ File Splitter and Joiner ( FFSJ ) Software လေးကို သုံးပြီး ပြန် Join လိုက်ယုံပါပဲဗျာ။ ဒါဆိုရင် ကျွန်တော်တို့ တွေ ဘယ်လောက်ကြီးမားတဲ့ Data ပဲဖြစ်ဖြစ် သူလေးရှိနေမယ်ဆိုရင်တော့ အာလုံး OK သွားပါပြီ။ သူ ကိုလိုချင်ရင်တော့...
File Splitter and Joiner ( FFSJ v3.3 )
ရေးသားသူ - ကိုညီ ( 4.5.2009 )
File Format Converter Office 2007 to Office 2003
အခုနောက်ပိုင်းမှာတော့ Microsoft ရဲ့ နောက်ဆုံးထွက် Office 2007 ကို ပြောင်းလဲ၍ အသုံးပြုလာတာကိုတွေ့ လာရပါပြီ။ သို့ သော်လည်း Office 2003 ကိုအသုံးပြုနေသည့် User တွေကလည်း ဒုနဲ့ ဒေး ရှိနေတုန်းပါပဲ... များသော အားဖြင့် အစိုးရရုံးတွေ၊ ကုမ္ပဏီအများစုမှလည်း သုံးစွဲမြဲအတိုင်းပဲ ရှိလျှက်ပါ။ အဲဒီတော့... ဘာပြသနာလေးတွေ ပေါ်လာသလဲဆိုတော့... Office 2007 User တွေက Office 2003 User တွေစီသို့  File လွဲပြောင်းတဲ့အခါမှ ပြသနာက စတင်တော့တာပဲ။ Office 2007 နဲ့ ရေးသားပြုစုထားတဲ့  Data ကို Office 2003 နဲ့ ဖတ်မယ်၊ ပြင်မယ်ဆိုရင် လုံးဝ ဖတ်ခွင့်၊ ပြင်စင်ခွင့်မရပါ။ အဘယ်ကြောင့် ဆိုသော်... Office 2007 File version အမြင့်ကို Office 2003 က လက်ခံ၍ အသုံးမပြုနိုင်သောကြောင့်ဖြစ်ပါသည်။ ဒါဆိုရင် ဒီပြသနာကို ဘယ်လိုဖြေရှင်း မလဲ လို့ စဉ်းစားကြည့်လျှင်တော့... တစ်နည်းက Office 2007 ပေါ်မှာဖန်တီးထားတဲ့ File ကိုမသိမ်းခင်မှာ... Office 2003 ကလက်ခံနိုင်မည့် File extension ကို ပြောင်းသိမ်းပေးရင်လည်းရပါတယ်။ ဒါပေမဲ့ File သိမ်းတဲ့အခါမှာ အလုပ်တော့ နည်းနည်းတော့ ရှုပ်တာပေါ့။ နောက်တစ်နည်းကတော့ Software ကိုသုံးပြီးတော့ Office 2007 နှင့် Create လုပ်ထားတဲ့  File ကို Office 2003 ပေါ်မှာ အသုံးပြုတာဖြစ်ပါတယ်။ သူကတော့ ရှင်းပါတယ်။ ဒီ software လေးကို တစ်ကြိမ် တစ်ခါသာ Install လုပ်ထားယုံနဲ့  တင်ကိုပဲ Office 2007 နှင့် Create လုပ်ထား တဲ့ ဖိုင်တွေကို အစင်ပြေစွာဖွင့်၍ အသုံးချနိုင်မှာဖြစ်ပါတယ်။ မိတ်ဆွေတို့  များဒီလိုအခက်အခဲလေးတွေများကြုံလာပြီဆိုရင်ဖြင့် File Format Converter Office 2007 to Office 2003 ကိုဒေါင်းပြီး အသုံးပြု ကြည့်လို့  အစင်ပြေခဲ့သည် ကြားရလျှင်ဖြင့် ကျွန်တော်စာရေးရကျိုး နပ်လှပါပြီ။
ရေးသားသူ - ကိုညီ (27.4.2009)
လိုချင်သော Software များ တောင်းဆိုနိုင်
ှကိုယ်လိုချင်သမျှ Software တော်တော်များကို Internet ကနေတဆင့်ရှာဖွေလို့ ရနိုင်ပါသည်။ သို့ သော်.... Software တော်တော်များများကတော့ Trial version ကိုသာ ရကြတာများပါသည်။ Full version ဖြစ်ချင်တော့ ထပ်ပြီး Crack, Keygen တွေကို ထပ်ရှာရပြန်ပါသည်။ ( ပိုက်ပိုက်မှ မပေးနိုင်တာကို ဟုတ်ဘူးလား ဟီးးးး ) အခက်မသင့်လျှင် Virus ၀င်၍ ဒုက္ခရောက်ပြန်ပါသည်။ အချို့  Software များကြတော့လည်း ဘန်းကျော်နိုင်ငံက မလို့  Download ခွင့်မပြုတာ (EXPORT DENIED) လုပ်တာမျိုးတွေကြုံရပါတယ်။ ဒီလိုအခက်အခဲများ အစင်ပြေအောင် Software တွေကို အလွယ်တကူ ရယူနိုင်အောင်၊ တောင်းဆိုနိုင်အောင်ဆိုတဲ့  ရည်ရွယ်ချက်တွေနဲ့  ကျွန်တော်၏ သူငယ်ချင်း Mandalar.Net ကနေပြီး http://mandalarnet.wordpress.com ဆိုတဲ့  ဘလော့ဒ်ကို ရေးသားခဲ့ပါသည်။ သွားရောက်လေ့လာအကြံပြု၍ လိုအပ်သော Software များကို တောင်းဆို နိုင်ပါကြောင်း ရေးသားလိုက်ရပါသည်။
ရေးသားသူ - ကိုညီ (24.4.2009)
ဝမ်းသာလိုက်တာ
ဟီးးးးးးးး ကြည့်ရတာ ကျွန်တော် နားပူနစာလုပ်လိုက်လို့  နေမှာ... www.googlepages.com ကြီးပြန်ပွင့်လာပြီဗျို့  ... ၀မ်းသာလိုက်တာ... ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးပဲဗျို့ ...
ရေးသားသူ - ကိုညီ (24.4.2009)
တောင်းပန်ခြင်း + ကျွန်တော်ဘလော့ဒ်ဆက်ရေးမှာပါ
လောလောဆယ်တော့ မရေးနိုင်သေးပါ။ ကျွန်တော်တို့ သုံးတဲ့ အင်တာနက်လိုင်းက ပုဂံနက်လိုင်းလေ... သူက ရက်စက်လိုက်တာ ၂၁.၃.၂၀၀၉ ကနေ ၁၇.၄.၂၀၀၉ (မြန်မာနှစ်ဆန်းတစ်ရက်နေ့ ) လောက်ထိကို ကွန်နက်ရှင်က မကောင်းခဲ့ပါဘူး။ ဒါ့ထက်ဆိုးသွားတာက အကုန်လုံးနီးပါး Access Denied အဲဒီထဲမှာ... www.googlepages.com ကိုပါ Denied လုပ်လိုက်တော့ ကျွန်တော့်ဘလော့ဒ်လေးပါ ပါသွားရော... အခုများဝင်ရင် ဒီလိုပဲပေါ်နေတော့တယ်... စိတ်ညစ်သွားမိတယ်ဗျာ။
ကျန်တဲ့  Site တွေတော့ပွင့်လာပါပြီ... ဒါပေမဲ့  လက်ရှိ www.googlepages.com ကြီးကတော့ Access Denied ဖြစ်နေတုန်းပါပဲ။ နည်းပညာဝါသနာရှင်အကိုအမများ ခင်ဗျာ။ ကျွန်တော့်ဘလော့ဒ် http://nnyioo.googlepages.com ကိုဝင်ရင် Access Denied ကနေ နွေးထွေးစွာကြိုနေတာကိုတွေ့ ပါလိမ့်မည်။ နည်းပညာဝါသနာရှင်အားလုံးကို ကျေးဇူးတင်ပါသည်။
ရေးသားသူ - ကိုညီ (22.4.2009)
How to use Office 2003 Menu Bar IN Office 2007
ကျွန်တော်အပါအ၀င်တော်တော်များသုံးစွဲနေကြတာ Use to ဖြစ်တာက Microsoft Office 2003 ပါ။ Microsoft Office 2007 version အသစ်ထွက်ပေါ်လာတော့ Advanced User တွေအနေနဲ့ အသုံးပြုရတာအစင်ပြေနိုင်ပေမဲ့ Basic User တွေ အတွက်ကတော့ ( Microsoft Office 2007 ) ကို ခက်ခက်ခဲခဲ သုံးစွဲနေရသလို ဖြစ်နေတာကို တွေ့ မိပါတယ်။ ဒါကလဲ Office2003 နှင့် Office 2007 တို့ ၏ Interface က တူမှမတူတော့တာကို ဒီတော့ ပြောင်းလဲသုံးဖို့ က အခက်အခဲတော့ နည်းနည်းရှိတာပေါ့။ ဒါဆိုရင် ကျွန်တော်တို့  UBitMenu freeware လေးကို အသုံးချပြီး Office 2003 ရဲ့  Function တွေကို Office 2007 မှာပေါင်းထည့် သုံးလိုက်နိုင်မယ်ဆိုရင်ဖြင့် ...
Basic User သမားတွေလဲ.... Version အသစ် Office 2007 ကို စမ်းသုံးပြုနိုင်ပြီး အစင်မပြေအခက်အခဲရှိခဲ့ပါက Office 2003 Menu ကိုထည့်သွင်းပေးထားသဖြင့် နဂို version မှာပါတဲ့ Function တွေကို အစင်ပြေစွာဖြင့်ပြန်လည်ယူသုံးလို့ ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လည်း UBitMenu soft ကိုအသုံးချပြီး အရင် Old Version Office 2003 အစား Office 2007 ကို အစင်ပြေစွာပြောင်းလဲသုံးစွဲကြပါဆို့ လားခင်ဗျာ။
ရေးသားသူ - ကိုညီ (16.3.2009)
How to Download Kaspersky 2009 Database Update
Kaspersky 2009 Database Update Files တွေရယူရန်အခက်အခဲရှိသူများကို Kaspersky Online Update သုံးသူများက ဒီလို ကူညီပေး လိုက်ရအောင်.....
Kaspersky Online Update သုံးသူများခင်ဗျာ... ကိုယ်အသုံးပြုနေသည့်စက်ရှိ Kaspersky Anti-Virus Software ကို LiveUpdate မလုပ်ခင်မှာ ဒီလိုကလေး ကြိုပြင်ထားလိုက်ရအောင်...
Open the Kaspersky Anti-Virus 2009 and then Click Update Menu Button. Click on the Word " Standard " and choice " Settings". You Click to " Additional Tab " and Turn On "Copy updates to folder:" in the After Update Title. And then You can change the Update Files Location from On Click Browse Button. Finished OK. Start the Your LiveUpdate.
အထက်ပါ နည်းလေးအတိုင်း Settings Change ၍ Kaspersky Anti-Virus 2009 Database Files များကို ရယူကြ၍ Kaspersky Database Update Files ရယူရန်အခက်အခဲရှိသူများကို မျှဝေကူညီပေးနိုင်ကြပါစေ...
ရေးသားသူ-ကိုညီ (26.2.2009)
Gmail to IP, IP to Location
Gmail address တစ်ခုကို သိရုံနဲ့ သူဟာ
ဘယ်နိုင်ငံ ကလဲ ဆိုတာ သိနိုင်ပါတယ်။ ပြီးတော့ သူ့ဆီကို Mail
တစ်စောင်ပို့တဲ့အခါ သူဟာ အဲဒီ မေးလ်ကို ဖတ်လား မဖတ်လား ဆိုတာကိုလည်း
သိနိုင်ပါတယ်။ Website နှစ်ခုကို အသုံးပြုပြီး လုပ်နိုင်ပါတယ်။
ပထမဆုံးတစ်ခု က Spypig ပါ။
- Browser ကနေ New Windows တစ်ခုကို ဖွင့်လိုက်ပါ။ http://www.spypig.com/ ကိုသွားလိုက်ပါ။
- နောက် Windows တစ်ခု ထပ်ဖွင့်ပြီး ကိုယ့် Gmail ကိုဖွင့်ထားပါ။ Compose Mail ကိုနှိပ်ထားပါ။
- Spypig ရဲ့ Step1 Text box မှာ ကိုယ့် email ကိုရိုက်ပါ။ Step2 မှာ Subject ထည့်ပါ။ Step3 မှာပေးထားတဲ့ ပုံတွေထဲက ကိုယ်ကြိုက်တာကို ရွေးပါ။ Step4 မှာ 3 ကိုရွေးပါ။
- ပြီးရင် Click to Activate My Spypig ဆိုတဲ့ button လေးကို နှိပ်လိုက်ပါ။ အဲဒီအခါ အောက်မှာ စက္ကန့်တွေပါတဲ့ ပုံလေးတစ်ပုံ ပေါ်လာပါလိမ့်မယ်။
- အဲဒီပုံလေးကို နှိပ်ဆွဲပြီး Gmail ရဲ့ Body ထဲမှာ လွှတ်ချလိုက်ပါ။
- ပြီးရင် တခြားစာလေးဘာလေးစသည်ဖြင့် ရိုက်ထည့်ပြီး Send ကိုနှိပ်လိုက်ပါ။
Native Myanmar Keyboard Layout BETA Version
(ဤအကြောင်းအရာသည် ဆရာကိုမောင်လှ၏ http://blog.mghla.com မှ ကူးယူ ဖော်ပြထားခြင်းဖြစ်ပါသည်။)
WinKalaw နှင့် အခြား Win Font များကို စာရိုက်ရာတွင် Alt နှင့် နံပါတ်များကို တွဲနှိပ်နေရ၍ စိတ်ညစ်နေရသူများ၊ Laptop ကို အသုံးပြုတဲ့အခါမှာ ပါဌ်ဆင့်တွေကို ရိုက်တဲ့အခါမှာ မရိုက်တတ်ဖြစ်နေသူ များအတွက် WinKalaw NativeMyanmar Keyboard Layout BETA version ပါ။
WinKalaw NativeMyanmar Keyboard Layout BETA version နဲ့ စာရိုက်ရာမှာ အဆင်ပြေနိုင်ပါပြီ။
WinKalaw NativeMyanmar Keyboard Layout BETA version ကို ဒီနေရာမှာ ဒေါင်းလုတ်ဒ် ရယူနိုင်ပါသည်။
WinKalaw NativeMyanmar Keyboard Layout သည် Zawgyi လက်ကွက်ကို အခြေခံထားသည်။ (ယခင် စထွက်ဖူးသော Win Myanmar လက်ကွက်များ အတိုင်းဖြစ်သည်။) Win Myanmar (-Win---Innwa ၊ WinKalaw ၊ Win စသော မြန်မာစလုံးများ)၊ Metrix-1 (Metrix မြန်မာစာလုံးများ) ၊ W01Art House (အနုပညာအိမ် မြန်မာစလုံးများ) ရိုက်ရာတွင် အသုံးပြုနိုင်သည်။
အင်္ဂလိပ်စာလုံးများနှင့် အခြား မြန်မာယူနီကုဒ်များစာလုံးများတွင် အသုံးပြုပါက အင်္ဂလိပ်စာလုံးများသာ ထွက်မည် ဖြစ်သည်။ ပါဠိ ပါဌ်ဆင့် အထပ်များကို သက်ဆိုင်ရာ စကာလုံးတည်ရှိရာ key ကို Ctrl+Alt သို့ Ctrl+Alt+Shift များ တွဲနှိပ်ပြီး ရိုက်နိုင်သည်။
ဥပမာ - ဓမ္မ ရိုက်မည်ဆိုပါ ဓ ရိုက်ပါ မ ရိုက်ပါ -္မ (မအထပ်) ရိုက်ရန် အတွက် “မ” ရှိသည့်  r key နှင့် Ctrl+Alt key တွဲနှိပ်လိုက်ပါ။
မတ္တရာ တွင်ပါဝင်သည့် --္တ (တအထပ်) ရိုက်လိုပါက “တ” ရှိသည့် w key နှင့် Ctrl+Alt key တွဲနှိပ်လိုက်ပါ။
မန္တလေး တွင်ပါဝင်သည့် -္တ (တအထပ်) ရိုက်လိုပါက “တ” ရှိသည့် w key နှင့် Ctrl+Alt+Shift key တွဲနှိပ်လိုက်ပါ။
အဆင်ပြေကြပါစေခင်ဗျာ။...
WinKalaw NativeMyanmar Keyboard Layout BETA version ကို
NativeMyanmar.net (MyanmarCommunity.com) အဖွဲ့သားများ Microsoft Keyboard Layout Creator 1.4 အသုံးပြုပြီး ပူးပေါင်းရေးဆွဲ ကြသည်...
HOW TO UPDATE BIOS
Nonling: how can do Bios update..?
Ans: ကို Nonling ရေ... BIOS Update လုပ်မလို့ လား... မလုပ်မဖြစ်လို့  လုပ်ရမယ်ဆိုရင်တော့ လုပ်ပါ။ စမ်းယုံသက်သက်ဆိုရင်တော့ မလုပ်တာ ကောင်းလိမ့်မယ်။ BIOS update လုပ်မယ်ဆိုရင်လည်း ဒါလေးတွေ ကြိုပြီး စဉ်းစားပါ။ ကိုယ်သုံးတဲ့  MotherBoard အမျိုးအစားက ဘာကို သုံးထားတာလဲ။ ကျွန်တော့်အသိတယောက်တော့ MSI Mo therBoard ကို BIOS Update လုပ်တာ Board လစ်သွားတယ်။ ဒါနဲ့ နောက်ထပ် MSI Board အသစ်မှာထပ်လုပ်တယ် ထပ်ကြွပြန်ရော... အဓိကပြသနာက ကိုယ် Internet ကနေယူလာတဲ့ BIOS Update ဟာ ကိုယ်အသုံးပြုတဲ့  MotherBoard Model နဲ့ မကိုက်ဘူးဆိုရင်တော့ အပေါ်မှာ ဖြစ်ခဲ့တဲ့ ပြသနာတွေ ဖြစ်နေမှာပဲ... ဒါကြောင့် Internet ကနေပြီး ကိုယ့်  MotherBoard Model No. ကိုက်ညီတဲ့ အမျိုးအစားကိုတွေ့  မှသာလျှင်လုပ်ပါ။ Model No. Seri တူတာနဲ့ ပဲ ယူလာပြီး Update လုပ်တာမျိုးမလုပ်ပါနဲ့ ။ ကျွန်တော် Gigabyte MotherBoard ကိုတော့ BIOS Update လုပ်ဖူးတယ်။ သူရဲ့  BIOS Update လုပ်ပုံက ကိုယ် BIOS Update လုပ်မဲ့ စက်ကို အရင်ဦးဆုံး Windows တက်ပေးရပါတယ်။ ပြီးတော့ MotherBoard Driver ခွေကို ထည့်ပြီး Run လိုက်ပါ။ Software Application Tab ကနေ BIOS Update ကိုရွေးပြီး ကိုယ်ယူလာခဲ့တယ် BIOS Update File တည်ရှိတဲ့ နေရာကိုလမ်းကြောင်း ပေးလိုက်ပါ။ ပြီးလျှင် Restart ချပါ။ ကျွန်တော့်ကလဲ့တုန်းကတော့ အစင်ပြေစွာပဲ Board တက်ခဲ့ပြီး တကယ်လည်း BIOS Update ဖြစ်ခဲ့ပါတယ်။ အခုနောက်ပိုင်းလာတဲ့ Asus MotherBoard တွေမှာတော့ BIOS Update ကို CMOS Setting ကနေတဆင့် Update လုပ်လို့ ရတာကို မြင်ခဲ့ရပါတယ်။ သူ က BIOS Update File ကို MemoryStick ကနေတဆင့်ကူးယူ၍ Update လုပ်တာပါ။ အစင်ပြေခဲ့ပါတယ်။ အရင်တုန်းကတော့ BIOS Update ကို DOS mode ကနေပြီး Update လုပ်ရတယ်လို့ ကြားဖူးပါတယ်။ ကျွန်တော်တော့ တခါမှ DOS mode ကနေ BIOS Update မလုပ်ဖူးပါ။ ဘယ်လိုပဲဖြစ်ဖြစ် BIOS Update လုပ်မယ်ဆိုရင်တော့ ပေါ့ပေါ့စစ မလုပ်ဖို့ ။ ကျွန်တော်အကြံပြုထား သလိုပဲ ကြိုတင်စဉ်းစားပြီးမှ လုပ်စေချင်ပါသည်။
DOWNLOAD MYANMAR EBOOKS AND OTHER EBOOKS
မြန်မာစာဖတ်ပရိသတ်များ အီးဘွတ် (ebooks) များကို အခမဲ့ အလွယ်တကူ
ဒေါင်းလုပ်လုပ်ပြီး ဖတ်ရှု့လို့ရနိုင်ပါပြီ။
အခုလက်ရှိ မြန်မာစာအုပ်များ နှင့် english စာအုပ်ပေါင်း ၃၀၀ နီးပါးတင်ထားပြီး
ဆက်လက်တင်နေဆဲဖြစ်ပါတယ်။
အာလုံးအသုံးပြုလွယ်ကူအောင် ၀ဘ်ဆိုဒ်ကို ရိုးရှင်းသေသပ်စွာပြုလုပ်ထားပြီ
စာအုပ်များကို ကိုယ်ပိုင်ဆာဗာတွင်သာ သိမ်းဆည်းထားသောကြောင့် ဒေါင်းလုပ် လုပ်သည့်အခါ အခက်အခဲများ ဖြစ်ပေါ်ခြင်းလုံးဝ မဖြစ်ပေါ်နိုင်ပါ။
Books Hive သည် မြန်မာလူမျိုးများအတွက်သာ ရည်ရွယ်ကာ
သီးသန့်ပြုလုပ်ထားခြင်းဖြစ်ပါ
စာမေးပွဲစသည်တို့နှင့် သက်ဆိုင်သည့် စာအုပ်များ တင်ထားရှိနှင့်ပြီး ဖြစ်ပါသည်။
ဝဘ်ဆိုဒ်ရဲ့လိပ်စာကတော့ www.books-hive.com ဖြစ်ပါတယ်။
အားလုံးပဲလာရောက် အားပေးကြလိမ့်မယ်လို့ မျှော်လင့်တောင်းတမိပါသည်။
ဒီအီးမေလ်းလေးကိုလဲ သူငယ်ချင်းများသိအောင် forward လုပ်ပြီး ဖြစ်စေ
google status တွင်တင်ပြီးဖြစ်စေ အကြောင်းကြား ပေးစေလိုပါသည်။ ကျေးဇူးအများကြီးတင်ပါတယ်။
တင်ပြသူ - ကိုညီ (19.1.2009)
Vista Style Analog Desktop Clock For Windows XP
Microsoft Windows Vista Side Bar မှာပါရှိတဲ့ နာရီလေးကိုသဘောကျလို့  ကိုယ့်ရဲ့  Windows XP Desktop လေးပေါ်မှာ သုံးဖို့ စိတ်ကူးလိုက်ပါတယ်။ စိတ်ကူးပေါ်လာတာ နဲ့ တပြိုင်တည်း Internet မှာ တက်မွှေလိုက်တာ ClocX ဆိုတဲ့  နာရီ တလုံးကျွန်တော်ကောက်ရခဲ့ ပါတယ်။ အဲဒါလေးနဲ့  Company က ကျွန်တော့်ကွန်ပျူတာလေးရဲ့  Desktop မှ တပ်စဉ်လိုက်တာ။ ဒီလိုလေးဗျ...
အခုဆိုရင်ဗျာ... နာရီလေးကရှိနေတော့... Lunch Time, Tea Time, Duty Out, ချိန်တွေကို Alarm ပေးထားလိုက်တယ်လေ... လုံးဝ Right Time ပဲ... ဟဲ.. ဟဲ..
ရယူပုံ၊ အသုံးပြုပုံကတော့ ဒီလိုပါခင်ဗျာ။
အရင်ဦးဆုံး CloX Software ကို http://www.clocx.net/download.php ကနေ ယူပါ။ Download ပြီးလျှင် ကိုအသုံးပြုမည့် စက်မှာ Install လုပ်ပါ။ ဒါဆိုရင် သင့်ရဲ့  Desktop မှာ လှပါတဲ့  နာရီလေးတလုံး ရလာပါပြီ။ နာရီကို လိုချင်တဲ့ နေရာသို့  ရွေ့ ထားနိုင်ပါသည်။
ကျွန်တော်လိုမျိုး Alarm ပေးချင်ရင်တော့ နာရီပေါ်မှာ Right Click နှိပ်ပါ။ ပြီးတော့ Alarms ကိုရွေးပါ။ ဒါဆိုရင် သင်စတင်ပြီး လိုအပ်သလို Alarm တွေ သတ်မှတ် ပေးနိုင်ပါပြီ။
နာရီပုံစံ Design ကိုလည်းမိမိကြိုက်နှစ်သက်ရာရွေးချယ်နိုင်ပါသည်။ ပြောင်းလဲချင် ရင်တော့ နာရီပေါ်မှာ Right Click>>> Option ဖြစ်ပါတယ်။ အဲဒီထဲမှာမှ Appearance ဆိုတဲ့  Tab ကိုသွား၍ မိမိကြိုက်နှစ်သက်ရာ နာရီကို ရွေးချယ်ပြီး မိမိ၏ Desktop လေးကို အလှစင်ကြပါစို့ လားခင်ဗျာ။
ရေးသားသူ - ကိုညီ ( 12.1.2009 )
The BLUE SCREEN Of DEALTH In 3 Keystrokes
အခုအကြောင်းအရာလေးကတော့ BSOD အဆက်ပေါ့။ တရုတ်ကားတွေလိုလေ... ကိုကောင်လေး ကအနော့်ကို BSOD ဖြေရှင်းနည်းလေးကို အကျယ်တ၀င့် ဖော်ပြပေးပါ ဆိုပြီး အကြံပြုထားတာလည်း ပါပါတယ်ခင်ဗျာ။
ဒါဆိုရင်ဖြေရှင်းနည်းလေးကတော့ Keyboard ကနေပြီး Keystroke 3 ချက် နှိပ်လိုက်ယုံနဲ့  BSOD ကိုဖြေရှင်းနိုင်မဲ့ နည်းလေးပါခင်ဗျာ။
ခက်တာက ကိုယ်စက်မှာ Blue Screen Error ကြီးတက်လာရင် Keyboard ကနေ ဘာမှ နှိပ်လို့ မရတာကို ကြုံဖူးသူတိုင်းသိကြမှာပါ ခင်ဗျာ။ အဲဒါကို နှိပ်လို့ ရနိုင်ဖို့  အတွက်ကတော့ ဒီလို Blue Screen Error မကျခင်ကတည်းက ကြိုတင်ပြင်စင် ထားဖို့ လိုပါသည်။ ဒါဆိုရင် မိမိစက်ရဲ့  registry ထဲကို ၀င်ဖို့ အတွက် start>>run box ထဲမှာ regedit လို့ ရိုက်ပြီး Enter ခေါက်လိုက်ဗျာ။ ပြီးလျှင် ဒီလိုပြင်>>>
USB Keyboard
HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\kbdhid\Parameters
PS/2 Keyboard
HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\i8042prt\Parameters
အခုဖော်ပြထားတဲ့ နေရာတွေကိုရောက်ပြီဆိုမှ DWORD key တခုစီကိုဖန်တီးပေးပါ။ လွတ်တဲ့ နေရာမှာ Right Click နှိပ် New >> DWORD Value ကိုရွေးပါ။ ပြီးလျှင် DWORD File Name ကို CrashOnCtrlScroll လို့ ပေးပါ။ Value ကို ( 1 ) ပြောင်းပေးပါ။ ဖန်တီးချက်တွေအကျိုးသက်ရောက်မှုရှိဖို့ အတွက် စက်ကို Restart ချပါ။ အခုကျွန်တော်ရှင်းပြသလိုမျိုးသာ ကြိုတင်ပြင်စင်ထားမယ်ဆိုရင်ဖြင့် Blue Screen Error ကျလာပြီဆိုပါက ( Hold down Right Ctrl and hit Scroll Lock twice ) ညာဘက်မှာ ရှိတဲ့  Ctrl key ကိုဖိထားပြီး Scroll Lock key ကို နှစ်ချက်နှိပ်လိုက်ပါခင်ဗျာ။ အခုလို Key လေး သုံးချက်ကိုအသုံးပြုပြီးတော့ Blue Screen Error ကိုဖြေရှင်းကြည့်လိုက်ပါအုန်း မိတ်ဆွေတို့ ...
ရေးသားသူ - ကိုညီ <1.1.2009>
BSOD (BLUE SCREEN OF DEATH)

အပေါ်မှာပြထားတဲ့ အပြာရောင်သေမင်းလို့ခေါ်တဲ့ BSOD(Blue Screen of Death) Screen ကို တော်တော်များများ မြင်ဖူးကြမှာပါ။ ကြုံရတဲ့အခါတိုင်း ဘာလုပ်ရမှန်းမသိတော့ပဲ ဖြစ်တတ်ကြပါတယ်။ အများအားဖြင့် restart လုပ်လိုက်ကြတယ်။ ပြန်ကောင်းသွားတယ်။ တခါတလေကျ restart လုပ်လည်း ဒါပဲ ပြန်ပြန်ပေါ်နေလို့ windows ပြန်တင်ကြတဲ့သူတွေလည်း ရှိပါတယ်။
အကြံလေးတစ်ခုလောက် ပေးပါရစေ။
အဲဒီလိုမျိုး BSOD Screen ပေါ်လာပြီဆိုရင် အဲဒီ BSOD ရဲ့ အောက်နားမှာပါတဲ့ STOP:--- နေရာက address ကို ဖတ်လိုက်ပါ။ ပုံမှာဆိုရင် 0x00000050 လို့ ရေးထားပါတယ်။ အဲဒီ address ကို microsoft.com သို့မဟုတ် Microsoft TechNet စီဒီခွေထဲမှာ ရှာလိုက်ရင် အဲဒီ BSOD ဘာကြောင့် ပေါ်တယ်၊ ဘယ်လိုဖြေရှင်းရတယ်ဆိုတာ ဖော်ပြပေးပါတယ်။
By IT Men at itmen.myanmarbloggers.org
မှိုလိုပေါတဲ့ ဗိုင်းရပ်စ် ( VIRUS )
မှိုလိုပေါလာတဲ့ ... ဗိုင်းရပ်စ်တွေကြောင့် ကျွန်တော်တို့ မှာ... ဗိုင်းရပ်စ်ကို စစ်စေးပေးနိုင်၊ သတ်ပေးနိုင်သော anti-virus software တွေကို ပြောင်းလဲ၍ အသုံးချလာရပါတယ်။ <Kaspersky, symantec, AVG... တို့ စသည်ဖြင့် ပေါ့လေ... > တချို့ ကြတော့လည်း ပြောင်းမသုံးတော့ပဲ Antivius software ကို နှစ်မျိုးသုံးမျိုးလောက်ကိုတင်သုံးကြပါတယ်... ဒါပေမဲ့အဲလို တင်သုံးထားတဲ့ စက်ကသိသိသာသာပဲ စက်ကိုလေးသွားစေပါတယ်... တချို့ software ကြပြန်တော့ စက်တလုံးထဲမှာ တွဲတင်လို့ မရတဲ့ ပြဿနာလေးတွေကြုံရ ပြန်ပါတယ်။ ဒါဆိုရင်အကောင်းဆုံးဘယ်လိုဖန်တီးမလဲပေါ့... ကျွန်တော်ကတော့ ကျွန်တော့်စက်မှာ... Symantec End Point Protection antivirus software တခုကိုပဲ virus update လုပ်ပြီးသုံးပါတယ်... ဒါဆိုရင် လုံလောက်မှုရှိပြီလားပေါ့... ဘယ်လုံလောက်မှုရှိမလဲ ဗိုင်းရပ်စ်က၀င်တာပဲ... virus update လုပ်ရဲ့ သားနဲ ဘာဖြစ်လို့ ဗိုင်းရပ်စ်ဝင်တာလဲဆိုတော့အဖြေကရှင်းပါတယ်... symantec software ကမသိသေးတဲ့  virus အမျိုးအစားဖြစ်နေလို့ ပါ။ ဒါဆို ဘယ်လိုလုပ်ကြ မလဲပေါ့... ရှာပြီပေါ့... google ကနေပြီး... အဲဒီ symantec ကမနိုင်တဲ့  virus ကိုသတ်ဖို့ ဆိုပြီးတော့။ အဲလိုရှာလိုက်တာ ကျွန်တော် Kaspersky virus removal tool တခုရလာပါတယ်။ သူကို install လုပ်ပြီးသုံးလိုက်ပါတယ်။ အဲဒီမှာ ကောင်းတဲ့ အချက်ကဘာကိုသွားတွေ့ လဲဆိုတော့ သူ install လုပ်သွားတဲ့ လမ်းကြောင်းက program file အောက်မှာ မဟုတ်ဘဲ.. Desktop ပေါ်မှာ Folder လေးတခုတည်ဆောက်ပြီးတော့ ထည့်သွင်းသွားပါတယ်။ ပြီးလျှင် Virus တန်းစစ် ယုံပါပဲ။ စစ်ပြီးလို့ ပိတ်မယ်ဆိုရင်လည်းသူက တခါတည်း Uninsatll လုပ်မလားလို့ မေးပါတယ်။ အသုံးမပြုလိုတော့ရင် တခါတည်းဖျက်ပလိုက်လို့ ရပါတယ်။ တခြား software တွေနဲ့ မတဲ့ တာလဲမရှိဘူး လေးလံတာလဲမရှိဘူး... ဆိုတော့ ကျွန်တော့်အတွက်တော့ အိုကေလို့ စိုပြေသွားပါတယ်... ၀င်နေတဲ့ virus လဲ ဂိသွားတယ်ဆိုတော့ အစွမ်းထက်တယ်လို့ ဆိုရပါမယ်။ Kaspersky removal tool ကိုလိုချင်ရင်တော့ http://avptool.virusinfo.info/en/ ကနေ Download လုပ်ပြီးယူလိုက်ပါခင်ဗျာ။ အဲဒီ site မှာ Kaspersky virus removal tool ကို အမြဲတန်း ရက်အလိုက် Update လုပ်ပေးထားတဲ့ အတွက် virus အသစ်အစမ်းတွေကို မမိစရာ..မရှိလောက်အောင်ပင်ကောင်းလှပါသည်ဟု ထင်မြင်မိပါသည်။
ရေးသားသူ - ကိုညီ <7.12.2008>
ICS < Internet Connection Sharing >
ကိုNicky ရဲ့ မေးခွန်းလေးကို post အသစ်အနေနဲ့ တင်ပြီးဖြေပေးလိုက်ပါတယ်...
ICS For Dial-up Connection
အရင်ဦးဆုံး Dial-up ချိတ်ထားတဲ့ စက်မှာ... Lan Port ပါရမယ်။ မပါရင် NIC Card ၀ယ်စိုက်ပါ။ ကဲ... Internet Connection Sharing စလုပ်တော့မယ်...
- My Network Place Icon >>Right click>>Properties < OR > start>>run>>ncpa.cpl လို့ ရိုက်ထည့်ပြီး Enter ခေါက်။
- Dial-up icon>>Right Click>>Properties
- Advanced Tab မှာ Allow other network users to connect through this computer's Internet connection စာပါတဲ့  check box ကို On လိုက်ပါ။ OK နဲ့ ထွက်။ ( ဒီအဆင့်ထိက ကိုယ်ရဲ့ လက်ရှိ connection ကို တခြားစက်ကို ပေးသုံးဖို့ အတွက် Share လုပ်လိုက်တာပါ။)
- နောက်တဆင့်အနေနဲ့  Lan port အတွက် IP Address ပေးရပါမယ်။ ဒါပေမဲ့ ICS အတွက်ကတော့ IP Address ကို manual ပေးစရာမလိုပါဘူး။ ဒါဆိုရင် IP Address ရလာဖို့ အတွက် ဘယ်လိုလုပ်ရမလဲဆိုရင်တော့... ဒီလိုကလေးစလုပ်လိုက်ပါ။
- Start>>run ပြီးရင် cmd လို့ ရိုက် ( cmd ဆိုတာ command ရဲ့ အတိုကောက်) Enter ခေါက်လိုက်ရင် command prompt ထဲရောက်သွားလိမ့်မယ်။ ရောက်ရင် ဒီလိုဆက်ရိုက် ipconfig လို့ ရိုက် ( ipconfig လို့ ဘာလို့ ရိုက်တယ်လဲဆိုရင် ကိုယ့် PC ရဲ့  Lan Port အတွက် IP Address လိုချင်လို့  ရိုက်ခိုင်းတာ ) Enter ခေါ်က် လိုက်ရင် ကိုယ့်အတွက်သတ်မှတ်ပေးတဲ့  IP Address ရလာရော.. ကျလာမယ့် IP Address တွေကတော့.....
Ethernet adapter Local Area Connection:
Connection-specific DNS Suffix . :
IP Address. . . . . . . . . . . . : 192.168.0.1
Subnet Mask . . . . . . . . . . . : 255.255.255.0
Default Gateway . . . . . . . . . :
ဒါဆိုရင် ကိုယ်စက်မှာလုပ်ရမယ့် setting တွေတော့ပြီးသွားပြီ... တခြားစက်ကနေ Internet ရဖို့ ဘယ်လိုလုပ်ရမလဲဆိုတော့... သူ့ မှာလည်း network ချိတ်ဖို့  Lan Port ပါရမယ်လေ။ ပြီးရင် IP Address ပေးရမယ်။ ဒါပေမဲ့  IP ရဖို့ အတွက် manual လုပ်စရာမလိုပါဘူး။ အပေါ်မှာ IP Address တောင်းနည်းလေးအတိုင်း လုပ်လိုက်ရုံပါဘဲ။ ရလာမယ့် IP ကြတော့ဒီလိုဖြစ်သွားတယ်...
Ethernet adapter Local Area Connection:
Connection-specific DNS Suffix . :mshome.net
IP Address. . . . . . . . . . . . : 192.168.0.2
Subnet Mask . . . . . . . . . . . : 255.255.255.0
Default Gateway . . . . . . . . . :192.168.0.1
ဆိုပြီးတော့လေ.... လွယ်တယ်နော်... Dial-up မှ မဟုတ်ဘူး အခြားနည်းပညာနဲ့ ချိတ်ထားလည်းဒီလိုပဲ Share သုံးလို့ ရပါတယ်။ ၁၀ လုံးထက်ပိုရင်တော့ မကောင်းဘူးပေါ့။
ဒါပေမဲ့ ငါတို့ ဘန်းကျော်နိုင်ငံရဲ့  Con ကကောင်းရှာတော့... အဟင့်... လိုင်းခွဲသုံးချင်တယ်ပေါ့။
ရေးသားသူ - ကိုညီ ( 25-11-08 )
DV 2010
Posted by Ko Nyi <5.11.08>
Myanmar Computer Ebooks
Myanmar Computer Ebooks (3)
Download Terminal Networking Ebook
Desktop PC တစ်လုံး ၀ယ်ယူနည်းလမ်းညွှန်ပါ။ (ပြည့်စုံမှုတော့မရှိသေးပါ)
Download Desktop PC Buying Guide Ebook
Download P2P Networking Ebook
Myanmar Computer Ebooks (2)
Password: itmen.myanmarbloggers.org
(ဤအထက်ပါအကြောင်းအရာသည်အကို itmen.myanmarbloggers.org မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။)
Posted by Ko Nyi <5.11.08>
ReadyBoost
တင်ပြသူ- ကိုညီ <28.10.08>
FREE 1 Year iolo Search and Recover 5
မကြာခဏ
ကြားတတ်တဲ့ မှားဖျက်ခြင်း ကိစ္စ အတွက် search & recover 5 သုံးပြီး
ပြန်ဖေါ်နိုင်ဖို့ပါ။ နာမည်ကြီး system mechanic က ထုတ်ကုန်တစ်ခုပါ။
ပေးနေတာတော့ ကြာပါပြီ။ ချက်ချင်းမတင်ပေးနိုင်လိုက်ဘူး။ ခု စမ်းကြည့်တော့
အသက်ရှိနေသေးလို့ ရှယ်လိုက်တာပါ။
ဒီလင့်ကနေ ရယူရပါမယ်။ Continue /secure checkout အဆင့်များ ဖြတ်သန်းပြီး register page ဆီ အရောက်သွားပါမယ်။ Prize $0.00 ဖြစ်နေစဉ်ကာလဟာ ဖရီး ကာလပေါ့;)
Register page မှာ ပြည့်စုံအောင်ဖြည့်ပြီးရင် continue နဲ့ Thank You! Your Order #21010000000 is complete ရောက်သွားအောင် နှိပ်သွားလိုက်ပါ။ မိမိ မေးလ်မှာ ကီး ရောက်လာပါမယ်။
ဆော့ဖ်ဝဲလ် ရယူလိုရင် အောက်ကလင့်တွေက ရယူနိုင်ပါတယ်။
http://www.vnunet.com/vnunet/
http://download.iolo.net/sr/5/
ဒီဆော့ဖ်ဝဲလ်ဟာ ပုံ မေးလ် ဗီဒီယို အမ်ပီ3 တွေအပြင် ဖိုင်တော်တော်များများ ပြန်ပြီး recovery လုပ်ပေးပါတယ်။ Overwrite မလုပ်ရသေးရင် ဖျက်ထားတာ မကြာသေးရင်ပေါ့းP
license key activate လုပ်ပုံတော့ ချန်ခဲ့ လိုက်ပြီ။
Free BitDefender Internet security 2009
License key
ဖရီးကစ်တွေ
ထပ်ကုန်ပြီ။ BitDefender Internet security 2009 ကို ရက်ပေါင်း 120
သက်တမ်းရှိ လိုင်စင်ကီး ပေးနေတာ တွေ့လို့ပါ။ သူကတော့ ဗီယက်နမ် မှာပါ။
သူ့ရဲ့ ရယူပုံကလည်း လွယ်ပါတယ်။ ဒီလင့်လေးမှာ E-mail သာမှန်အောင်ဖြည့် ကျန်တာကတော့ fake fake ပေါ့။ ဗီယက်နမ်စာ က ဘာလည်း ကျွန်တော်လည်း မသိဘူး။ Send နှိပ်လိုက်ရင် ကီးရပြီ :)
လိုင်စင် သက်တမ်းက 120 ဆိုပေမယ့် trail version သုံးရင် ရက် 30 ဆိုတော့ ရက် 150 ဖြစ်သွားမလားဘဲ။ Translate လုပ်ကြည့်တော့ ဘယ်နှစ်ရက်အတွင်း activate လုပ်ပါတော့ မဆိုထားပါဘူး။
ဆော့ဖ်ဝဲလ် ဒေါင်းလုဒ် လိုရင်တော့
BitDefender Internet Security 2009 32bit
BitDefender Internet Security 2009 64bit
BitDefender က ပရိတ်သတ် နည်းတော့ နည်းတယ်။ အသုံးတဲ့သူ တွေ့သွားရင်တော့ ရှယ်ရကျိုး နပ်တာပေါ့လေ။ တစ်ခါတစ်ရံ ဘယ်ဗိုင်းရပ်စ်က ဘယ်ဆော့ဖ်ဝဲလ်ဘဲနိုင်တယ် ဆိုတဲ့ အရေးပေါ် အခြေအနေ မျိုးလည်း ကြုံတတ်ပါတယ်။ ဒါဆို ကိုယ့် အီးမေးလ်ထဲက ကီးတစ်ခုဟာ အတော်လေး အကျိုးသက်ရောက် လာမယ် မျှော်လင့်မိပါတယ်။
Free KAV 2009 Genuine key for 6 months
Kaspersky
2009 ရက် ၁၀၀ မကုန်ခင် ခြောက်လ လိုင်စင်ကီး ရမယ့် နည်းလေးထပ်တွေ့ပါတယ်။
အိန္ဒိယကက်စပါဆိုဒ် မှာ ဖရီး ပေးတာပါ။ ဒေပါဝလီ ပွဲတော် အထိမ်းအမှတ်
ပရိုမိုးရှင်း ထင်ပါရဲ့။
ရယူပုံက ရိုးရှင်းပါတယ်။ ဒီဆိုဒ်မှာ register လုပ်လိုက်ရင် ရပါပြီ။ မိမိ အီးမေးလ် မှန်ဖို့ဘဲလိုပါတယ်။ ကျန်တာကတော့ အဆင်ပြေသလို ဖြည့်နိုင်ပါတယ်။
အကယ်ရ်ျများ အီးမေးလ် နှစ်ခုလောက် ရှိရင် ကီးနှစ်ခုလောက် ရယူထားသင့်တယ်။ Offline key file တစ်ခုလုပ်ပြီး online & offline register လုပ်ရင် သုံးလထပ်တိုးပြီး ကိုးလသက်တမ်း သုံးနိုင်သွားမှာပါ။
ချက်ချင်းတော့ မပို့ပေးဘူးနော် တစ်ရက်ကျော် အနည်းဆုံးစောင့်ရတယ်။
ကီးတွေကြောင်လို့ ကြိုးညှိရင်း မိုးမလင်းရအောင် ကက်စပါ ပရိသတ်ကို ဝေငှလိုက်ပါတယ်။ ဒါမျိုးက ရက်အကန့်အသတ် အတွင်း ပေးတာဆိုတော့ မြန်မြန်သာ တိုးထားလိုက်တယ် ;)
Repairing Corrupted Registry
(အကို itmen... ရေးသားထားသည့် မူရင်းအတိုင်း ဖော်ပြထားပါသည်။)
2002 လောက်တုန်းက မိတ်ဆွေတစ်ယောက်ဖြစ်တဲ့ ကိုမျိုးသက်ကျော် (အခု ဆူးလေနားက PRO Center မှာ) နဲ့ စကားပြောရင်း XP မှာ Registry တွေ ပျက်သွားရင် Restore ပြန်လုပ်လို့ရရင် ကောင်းမှာပဲလို့ ပြောခဲ့ကြဖူးတယ်။ အဲဒီအချိန်တုန်းက သူရော ကျွန်တော်ရော Windows 98 ရဲ့ Registry ကိုပဲ ပြန် Restore လုပ်တတ်ကြသေးတာပါ။ ကျွန်တော့်အထင်က XP မှာလည်း Default Registry ဖိုင် တစ်ခု ပါကိုပါရမယ်ပေါ့။ Registry ကြောင့် Windows မတက်တော့ရင် အဲဒီဖိုင်ကို ပြန် Restore လုပ်ရင်ရမှာပဲဆိုပြီး သူ့ကို ပြောခဲ့ဖူးတယ်။ သူကတော့ “ဟ အဲဒီဖိုင်က ဘယ်နားမှာမှန်းမှ မသိဘဲနဲ့ ငါတို့က ဘယ်လိုလုပ်ရမှာလဲ” လို့ ပြန်ပြောခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက XP ရဲ့ Registry ကို တခြား Third Party Tools တွေသုံးပြီး Restore/Backup လုပ်နိုင်ပါတယ်။ ကျွန်တော်တို့လိုချင်တာက User က ကိုယ့်ဘာသာကိုယ် လုပ်ထားတဲ့ Registry Backup ကို ပြန် Restore မလုပ်ချင်ပါ။ XP မှာ ပါနိုင်တဲ့ Default Registry Backup ကိုပဲ Restore လုပ်ကြည့်ချင်တာကိုး။ ဘာကြောင့်လဲဆိုတော့ Normal User တစ်ယောက်က သူ့ Windows ရဲ့ Registry ကို Backup လုပ်ထားတယ်ဆိုတာက ကြုံနိုင်ခဲတဲ့ ကိစ္စပါ။
အဲဒီအချိန်တုန်းက MCSE ဆိုတာ ရှိမှန်းမသိသေး၊ 70-270 စာအုပ်မျိုးတွေ ရှိမှန်းလည်း မသိသေးခင်ကပေါ့။ နောက်ပိုင်း ရန်ကုန်မှာနေပြီး CompuTech မှာ A+ တက်တဲ့ကာလအတွင်းမှာ Microsoft ရဲ့ Website ကို ဆရာက ညွှန်းလွန်းလို့ ၀င်ကြည့်မိပါတယ်။ အဲဒီလိုနဲ့ အမြဲတမ်းကြည့်ဖြစ်ရင်း Microsoft မှာ TechNet ဆိုတဲ့ Site အခွဲရှိမှန်းသိခဲ့တယ်။ ဟ မိုက်လှချည်လားပေါ့။ Windows Problem အားလုံးရဲ့ Solution တွေကို စုစည်းထားတာလေ။ Windows Problem တစ်ခုခုနဲ့ကြုံရင် အဲဒီ TechNet ကိုပဲ အားကိုးရတာပါ။ ဒါပေမဲ့ TechNet က Resources တော်တော်များများကို Login လုပ်မှ ကြည့်ခွင့်ပေးတာ။ Register ကလည်း လူတိုင်း လုပ်လို့မရဘူး။ Microsoft Certified ဖြစ်တဲ့သူတွေပဲ ရတာလေ။ အဲဒီလိုနဲ့ တဖြည်းဖြည်း မ၀င်ဖြစ်တော့ပါဘူး။
လွန်ခဲ့တဲ့ သုံးလလောက်က ရန်ကုန်ရောက်တော့ Active ခွေဆိုင်မှာ ဟိုဟာဒီဟာမွှေရင်း Microsoft TechNet ဆိုပြီး CD နှစ်ချပ်တွဲတွေ့တာနဲ့ ကော်ပြီကွဆိုပြီး ၀ယ်လာခဲ့တယ်။ သူက Reference သဘောမျိုးဆိုတော့ Windows Error တစ်ခုခုတက်မှပဲ အဲဒီထဲမှာ Solution ရှာရပါတယ်။ အခုထိလည်း မက်မက်မောမော သုံးနေတုန်းပါပဲ။ အများအားဖြင့် BSOD Error တွေနဲ့ ကြုံရင် သူ့ကိုပဲ ဖွင့်ကြည့်ရပါတယ်။
ဒီလိုနဲ့ သုံးလာခဲ့တာ ဟိုတစ်လောက TechNet ကို မွှေရင်း အရမ်းသိချင်ခဲ့ဖူးတဲ့ Windows XP ရဲ့ Registry ကို Backup လုပ်ထားတာမရှိပဲ Restore လုပ်နည်းကို တွေ့ခဲ့ပါတယ်။ Windows က အစပိုင်းလေးတက်လာပြီး ဘာမှမပေါ်တော့တဲ့ ကွန်ပျူတာတစ်လုံးကို စမ်းကြည့်တာ အောင်မြင်စွာနဲ့ Windows ပြန်တက်လာပါတယ်။ အောက်မှာ ပြထားတဲ့ Error မျိုးတွေ တက်လာရင်းလည်း လုပ်နိုင်ပါတယ်။
Windows XP could not start because the following file is missing or corrupt:
\WINDOWS\SYSTEM32\CONFIG\SYSTEM
Windows XP could not start because the following file is missing or corrupt:
\WINDOWS\SYSTEM32\CONFIG\SOFTWARE
Stop: c0000218 {Registry File Failure} The registry cannot load the hive (file):
\SystemRoot\System32\Config\SOFTWARE or its log or alternate
System error: Lsass.exe
When trying to update a password the return status indicates that the value provided as the
current password is not correct.
Recovery Console ကနေပဲ Registry ကို Restore လုပ်ရပါတယ်။ XP ခွေထည့်၊ အဲဒီကနေ Boot တက်၊ Recovery Console ကို ဖွင့်၊ Console တက်လာရင် ဒီ Command တွေ ရိုက်ထည့်ပါ။
md tmp
copy c:\windows\system32\config\
system c:\windows\tmp\system.bak
copy c:\windows\system32\config\software c:\windows\tmp\software.bak
copy c:\windows\system32\config\sam c:\windows\tmp\sam.bak
copy c:\windows\system32\config\security c:\windows\tmp\security.bak
copy c:\windows\system32\config\default c:\windows\tmp\default.bak
delete c:\windows\system32\config\system
delete c:\windows\system32\config\software
delete c:\windows\system32\config\sam
delete c:\windows\system32\config\security
delete c:\windows\system32\config\default
copy c:\windows\repair\system c:\windows\system32\config\system
copy c:\windows\repair\software c:\windows\system32\config\software
copy c:\windows\repair\sam c:\windows\system32\config\sam
copy c:\windows\repair\security c:\windows\system32\config\security
copy c:\windows\repair\default c:\windows\system32\config\default
Restart လုပ်လိုက်ရင် ပျက်နေတဲ့ Windows ပြန်တက်လာပါလိမ့်မယ်။ မပြီးသေးပါဘူး။ အခုအဆင့်ထိက XP မှာပါတဲ့ Default Registry ဖိုင်တွေကို ပြန်ပြီး Restore လုပ်ရုံပဲ ရှိပါသေးတယ်။ Original Registry ဆိုတော့ ကျွန်တော်တို့ တင်ထားတဲ့ Program တွေ Driver တွေကို မသိသေးပါဘူး။ ဒါကြောင့် Registry ထဲကို နောက်ဆုံးလုပ်ထားတဲ့ System Restore ထဲက Registry တွေ ပြန်ထည့်လိုက်မှ ရမှာပါ။
ပီစီကို Safe Mode နဲ့ တက်ပါ။ ပြီးရင် C:\ အောက်မှာရှိတဲ့ System Volume Information ကို ဖွင့်ပါ။ ဒီအတိုင်းဆို ဖွင့်မရပါဘူး။ သူက Super Hidden လုပ်ထားတာပါ။ ဒါကြောင့် cmd မှာ ဒါမျိုးရိုက်ပါ။
cacls "driveletter:\System Volume Information" /E /G username:F
ဒါဆိုရင် SVI Folder ပွင့်သွားပါပြီ။ သူ့ကိုဖွင့်လိုက်ရင် _restore{D86480E3-73EF-47BC-A0EB-A81BE6EE3ED8} လိုမျိုး Folder တွေ တော်တော်များများ တွေ့ရပါလိမ့်မယ်။ အဲဒီ Folder တွေထဲမှာ subfolder တစ်ခု RP (Restore Point) နဲ့စတဲ့ subfolder ပါတဲ့ Folder ကို ဖွင့်ပါ။ အဲဒီထဲက Snapshot ကို ဖွင့်ပါ။ ဥပမာ
C:\System Volume Information\_restore{D86480E3-73EF-47BC-A0EB-A81BE6EE3ED8}\RP1
\Snapshot
Snapshot Folder ထဲကနေ အောက်မှာပြထားတဲ့ File တွေကို C:\Windows\Tmp ထဲကို ကော်ပီပွားပါ။
_REGISTRY_USER_.DEFAULT
_REGISTRY_MACHINE_SECURITY
_REGISTRY_MACHINE_SOFTWARE
_REGISTRY_MACHINE_SYSTEM
_REGISTRY_MACHINE_SAM
ပြီးရင် အဲဒီဖိုင်တွေကို အောက်မှာပြထားတဲ့အတိုင်း နာမည်ပြောင်းလိုက်ပါ။
Rename _REGISTRY_USER_.DEFAULT to DEFAULT
Rename _REGISTRY_MACHINE_SECURITY to SECURITY
Rename _REGISTRY_MACHINE_SOFTWARE to SOFTWARE
Rename _REGISTRY_MACHINE_SYSTEM to SYSTEM
Rename _REGISTRY_MACHINE_SAM to SAM
နောက်ဆုံးအဆင့်အနေနဲ့ Restart လုပ်ပြီး Recovery Console ထဲ ၀င်ပါ။ ပြီးရင် အောက်မှာပြထားတဲ့ Command တွေ ရိုက်ထည့်လိုက်ပါ။ သဘောတရားက ရှိပြီးသား Registry တွေကို ဖျက်ပြီး အစောက Restore Point ကနေ ယူထားတဲ့ Registry တွေကို ပြန်ထည့်တာပါ။
del c:\windows\system32\config\sam
del c:\windows\system32\config\security
del c:\windows\system32\config\software
del c:\windows\system32\config\default
del c:\windows\system32\config\system
copy c:\windows\tmp\software c:\windows\system32\config\software
copy c:\windows\tmp\system c:\windows\system32\config\system
copy c:\windows\tmp\sam c:\windows\system32\config\sam
copy c:\windows\tmp\security c:\windows\system32\config\security
copy c:\windows\tmp\default c:\windows\system32\config\default
<13.10.08>
KeyLogger ကာကွယ်ရေး
စာရေးသူ၏ အာဘော်...
သတိထားပါ... လုံးဝကို သတိထားပါ... ကိုယ်တယောက်ထဲသာ အသုံးပြုတဲ့ Computer ဆိုရင်တော့ ပြဿနာမရှိပေမဲ့။ အများသုံး ကွန်ပျူတာတွေ၊ ရုံးသုံး ကွန်ပျူတာတွေ၊ CyberCafe တွေ မှာသုံးမယ်ဆိုရင် လုံးဝသတိထားရမယ့် ပြဿနာ တရပ်ပါ။ ဘာဖြစ်လို့ အခုလို အရေးတကြီးပြောနေတာလဲဆိုတာကို သိချင်ရင်တော့ MyanmarFamily မှာရေးသားထားတဲ့ ကိုရဲသူ၏ အာဘော်လေးကို တင်ပြလိုက်ရ ပါတယ်ခင်ဗျာ။
ကိုရဲသူ၏ အာဘော်...
KeyLogger လို့ခေါ်တယ် .. window စတက် ကတည်းက စအလုပ်လုပ်တယ်။ ပိတ်လိုက်လည်း နောက်ကွယ်မှာ လုပ်နေတယ်။ tray icon လည်းမပေါ်ဘူး။ ရှိမရှိမသိရဘူးပေါ့ဗျာ .. ။ သူက ခင်ဗျား keyboard မှာ ရေးလိုက်သမျှ၊ mouse နဲ့နှိပ်သမျှတွေကို အချိန်နဲ့တကွ မှတ်ထားပေးတယ်ဗျ .. ။ အဲဒါဆို ဘာတွေ ပါသွားမလဲ တွေးကြည့်လေ .. ။ ပထမဆုံး gtalk sign in ၀င်မယ်ဗျာ .. ။ သွားပြီ user name ရော ၊ password ရော ။ နောက်ပြီးရင် ကိုယ့်ချစ်သူနဲ့ နှစ်ကိုယ်ကြားတွေပြောမယ်၊ ဒါမှမဟုတ် လုပ်ငန်းပိုင်းတွေပြောမယ်။ တစ်ချို့တွေ credit card နံပါတ်တွေ ရိုက်မယ် အကုန်ကျန်ခဲ့တာဗျ .. ။ ဘယ်လောက် ဆိုးသွားနိုင်မလဲ တွေးကြည့်ပေါ့ .. ။ အထူးသဖြင့် ဆိုင်ဘာ ကနေ သုံးရတဲ့လူတွေ .. ။ တွေးသာကြည့်ပါတော့ဗျာ ... (All in 1 key-logger ဆိုရင် ဓါတ်ပုံတွေ၊ အသံတွေ၊ ဗီဒီယိုတွေကိုပါမှတ်ပေးထားနိုင်တယ်၊ သတိထားနော်.. မင်းသား/မင်းသမီးတွေပါ ဖြစ်သွားမယ် ဟဟ)
အဲဒါကို ရှိမရှိ ကြည့်ဖို့ ပြီးတော့ ကိုယ်ရေးခဲ့သမျှ မကျန်ခဲ့ဖို့ ကျနော် ပြောပြပါ့မယ်။ ကိုယ့်သူငယ်ချင်းနဲ့ သက်ဆိုင်သူတွေကိုတော့ အသိပေးပြောပြလိုက်ပေါ့ဗျာ .. ။ တကယ်ကျန်ခဲ့တယ်ဆိုတာ အားလုံးမှတ်ပေးနိုင်တယ်ဆိုတာ မယုံဘူးလား .. ဟဟ software ရှာပြီး စမ်းကြည့်ပေါ့ဗျာ .. ။ ကျနော် fileden မှာ host တင်ပြီးသားကို ရှိတယ်။ ဒါပေမယ့် မပေးဘူး .. အကျိုးမရှိဘူးလေဗျာ ... ။
ကဲ ကြာပါတယ် .. ကိုရေးတာတွေ password တွေ ပါမသွားအောင် လုပ်လိုက်ရအောင် .. ။ Ctrl+Shift+Esc(or)Ctrl+Atl+Del နဲ့ Task manager ကို ခေါ်လိုက်ဗျာ ..။ Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့် ဗျာ ။ ရှိတယ်ဆို keylogger သုံးထားလို့ပေါ့ ။ အမြန်သာ click နှိပ်ပြီး End process ပေးလိုက်ပေတော့ ။ အဲဒါဆိုရင်တော့ keylogger ကို ကာကွယ်နိုင်ပြီ ဖြစ်ပါတယ်။
အကောင်းဆုံးနည်းလမ်းကတော့ task manager မှာရှိတဲ့ process tab ထဲမှာရှိနေတဲ့ကောင်တွေထဲကကိုယ်သုံးမယ့် gtalk လောက်ပဲအိုကေထားပြီး ကျန်တာတွေကို disable သို့မဟုတ် end process ပေးလိုက်တာပါပဲ... ဘာလို့ဆိုရိုးရိုးယူဆာတွေအနေနဲ့ကဘယ်လိုဖိုင်လ်က အချက်အလက်တွေကိုရီကော့လုပ်တာလဲဆိုတာမသိနိုင်တော့အန္တရာယ်ကင်းဘေးရှင်းအားလုံးကို end process လုပ်ပြီးကိုယ်သုံးတဲ့ကောင်ကိုပဲ manually ခေါ်သုံးတာအကောင်းဆုံးပါပဲ။
စာရေးသူ၏ အာဘော်...
(မှတ်ချက် - KeyLogger software အမျိုးမျိုးရှိနိုင်ပါသည်။ ဒါကြောင့် Windows Task Manager ၏ Process ထဲမှာ run နေတဲ့ Keylogger ကို EndProcess လုပ်ဖို့ က အသုံးပြုထားတဲ့  KeyLogger software အမျိုးအစားကို လိုက်ပြီး တူညီ မည်မဟုတ်ပါ။ Example - <msdts.exe, HTV.exe, ....>, KeyLogger ကို ဖြုတ်ချ ချင်တယ်ဆိုရင်တော့ Add or Remove ထဲကနေပဲ ဖျက်ချလိုက်လို့ ရပါတယ်။ )
စာရေးသူ - ညီညီ < 6.10.08 >
Adobe Reader ရဲ့ ကောင်းကွက်
ကျွန်တော် MyanmarFamily မှာဝင်ကြည့်ရင်းနဲ့ ဖတ်ရလို့  မိတ်ဆွေတို့ ကို လက်ဆင့် ကမ်းလိုက်တာပါ။ မိတ်ဆွေတို့ အတွက်လဲ အသုံးတဲ့ မယ်လို့ ထင်ပါတယ်။ ဒီလိုပါ pdf အနေနဲ့ သိမ်းထားတဲ့ English စကားလုံးများကို Adobe Reader ထဲမှာ အသံထွက် ပြီးဖတ်ခိုင်းလို့ ရတာကို တွေ ရပါတယ်။ Adobe Reader ကအခုလို အသံထွက်ဖတ် နိုင်တဲ့ Function ပါလာတော့ ကျွန်တော်တို့ ကိုယ်တိုင် စာကြည့်ဖတ်စရာမလိုတော့ပဲ အဆင်သင့် နားထောင်နေရုံပဲပေါ့။ Good တယ်နော်... အဲ.. ဒါပေမဲ့ English စာကားလုံးတွေကိုပဲ ဖတ်တာနော်... Scanner နဲ့  ဖတ်ထားတဲ့ စာမျိုးကိုတော့ ဖတ်ခိုင်းလို့ မရပါ။ ပြီးတော့ မြန်မာလိုလဲ ဖတ်ခိုင်းမနေနဲ့ အုန်း... ရဘူးးးးး ကဲ..ကဲ.. Adobe Reader ကြီးကို အရင်ဖွင့်လိုက်ပါ။ ကိုယ်ဖတ်ခိုင်းချင်တဲ့ pdf ဖိုင်ကိုဖွင့်ပါ။ ကျွန်တော်တို့ ကိုယ်စား အသံထွက်ပြီးဖတ်ခိုင်းချင်ရင်တော့..
* Ctrl+Shift+B - to hear the entire
document
* Ctrl+Shift+V - to hear the page
* Ctrl+Shift+C - to resume
* Ctrl+Shift+E - to stop
By Nyi Nyi < 3.10.08 >
UltraVNC
Networkကနေတခြားကွန်ပျူတာကို လှမ်းကြည့်ချင်ရင် အကောင်းဆုံး Program
တစ်ခုရှိပါတယ်။ အဲဒါကတော့ UltraVNC ပါ။ သုံးရတာလည်းအရမ်းလွယ်ပါတယ်။
လှမ်းကြည့်ချင်တဲ့ကွန်ပျူတာမှာရော၊ ကိုယ့်ကွန်ပျူတာမှာပါဒီProgram
ကိုတင်လိုက်ပါ။ စကြည့်မယ်ဆိုရင်တော့ ဒီမှာနှိပ်ပြီး Download လုပ်ပါ။ (Size: 2.13 MB)
Print Spooler Error ဖြေရှင်းနည်း
မိတ်ဆွေတို့ မှာ print spooler error ကြောင့်ပဲဖြစ်ဖြစ်၊ Document တခုခုကို Print ပေးလိုက်တာနဲ့  ဟမ်းနေတာပဲဖြစ်ဖြစ်၊ မိမိရဲ့စက်မှာ ဘယ်လိုပဲ printer driver တင်တင် တင်လို့ မရတာပဲဖြစ်ဖြစ်၊ local network ပေါ်မှာ Printerုထုတ်မရတာပဲဖြစ်ဖြစ် ကြုံတွေ့ လာခဲ့ရင် ပြုလုပ်နိုင်ဖို့  အတွက် print spooler Error များ ဖြေရှင်းနည်းကို ရေးသားမှတ်တမ်းပြုစုလိုက်ရပါသည်။
၁။ start>>run, run box ထဲမှာ services.msc လို့ ရိုက်ထဲ့၊ Enter ခေါက်။
၂။ အဲဒီ services တွေထဲမှာ print spooler service ကို ရှာတွေ့ ရင် Right Click နှိပ်>> start လို့ ပြော။ ok နဲ့ ထွက်။ ဒါနဲ့ တင် မလုံလောက်သေးဘူး၊ မပြီးသေးဘူး....
၃။ စက်ကို Restart ချ။ ပြန်တက်တက်ချင်း ကီးဘုတ် ကနေ F8 ကိုနှိပ်ထား မလွတ်နဲ့ စာတွေအများကြီးကျလာလိမ့်မယ်။ အဲဒီစာတွေထဲမှာမှ Safe Mode ဆိုတာကို ရွေး။ Enter ခေါက်။ ( Windows ကို Normal မတက်ခိုင်းပဲ၊ Safe Mode နဲ့ တက်ခိုင်းခြင်းဖြစ်သည်။)
၎။ C:\WINDOWS\system32\spool\PRINTERS နှင့် C:\WINDOWS\system32\spool\drivers အခုပေးထားတဲ့ လမ်းကြောင်း ၂ ခုလုံးကို ရောက်အောင်သွားပြီးတော့ အဲဒီ Folder တွေထဲမှာရှိတဲ့ file တွေ၊ folder တွေ အားလုံးကို delet လုပ်လိုက်ပါ။
၅။ start>>run, run box ထဲမှာ regedit လို့ ရိုက် Enter ခေါက်။ registry ထဲမှာ ၀င်မွှေတော့မှာဆိုတော့ ကြိုပြီးတော့ registry ကို Backup လုပ်ထားဖို့ လိုလာပြီ။ Backup လုပ်ချင်ရင် File Menu>>Export ပြီးရင် save လုပ်။
၆။ HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\Print\Environments\Windows NT x86\Drivers အခုရေးထားတဲ့ လမ်း ကြောင်းအတိုင်းသွားပါ။ အဲဒီထဲမှာ Version- 2 or 3 ဆိုတဲ့ folder ရှိလိမ့်မယ်။ အဲဒါကို expand ဖျန့် ချပါ။ ပေါ်လာတဲ့ printer folder တွေကို delete လုပ်ပြစ်ပါ။
၇။ HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\Print\Monitors အခုရေးထားတဲ့ လမ်း ကြောင်းအတိုင်းသွားပါ။ Monitors ကို expand ဖျန့် ချပါ။ ပေါ်လာမဲ့ Folder List ထဲမှာ အခုရေးပြမဲ့ List ပဲ ရှိရပါမယ်။ ကျန်တာတွေရှိရင် delete လုပ်ပြစ်ပါ။
- BJ Language Monitor
- Local Port
- PJL Language Monitor
- Standard TCP/IP Port
- USB Monitor
ကဲ... ဒီအထိအားလုံးမှန်ပြီဆိုရင်တော့ ... စက်ကို Restart ချပြီး Windows ကို Normal အတိုင်းပြန်တက်လိုက်နော်... ဒီနည်းလေးနဲ့  မိတ်ဆွေတို့ ၏ Printer ပြဿနာများ အဆင်ပြေခဲ့ပါသည်ဟု ကြားသိရုံဖြင့် ၀မ်းသာပီတိ ဖြစ်ရပါသည်။
By Nyi Nyi < 13.9.08 >
.Bat File လေးရေးပြီး မလိုလားအပ်တဲ့ Temp File တွေကို Auto ဖျက်ခိုင်းရအောင်
ရေးတဲ့ပုံစံလေးက ရှင်းရှင်းလေးပါ။ အရင်ဦးဆုံး start>>run, ပြီးရင် run box ထဲမှာ notepad လို့ ရိုက်၊ Enter ခေါက်။ Notepad ကျလာရင် အောက်မှာဖော်ပြ ထားတဲ့ အတိုင်းရေး
md %temp%
ရေးလို့ ရိုက်ပြီးရင် save လုပ်၊ သိမ်းတဲ့အခါမှာ extension က .bat ဖြစ်ရမယ်။ ဖြစ်ပြီဆိုမှ save လုပ်၊ ပြီးရင်ရလာတဲ့  .bat file ကို Windows XP, Vista ရဲ့ C:\Documents and Settings\မိမိ၏ login username\Start Menu\ Programs\Startup အောက်မှာ paste သွားလုပ်၊ ပြီးရင် Restart ချ။ ပြန်တက်လာရင် start>>run ကိုသွား၊ run box ထဲမှာ %temp% လို့ ရိုက်၊ Enter ခေါက်ကြည့် လိုက် ဟော... Temp File တွေ auto ရှင်းပြီးသားဖြစ်နေရော...
By Nyi Nyi < 12.9.08 >
GPass (ကောင်းမှကောင်း...ရှယ်ပဲ)
မကျော်နိုင်ရင် ၁၀ စပြန်ရော်မည်။ ဟီးးးးးးးး
< www.gpass1.com >
အထက်တွင် ဖော်ပြထားသောလိပ်စာမှ GPass.exe ကိုရယူပါ။
တိုက်ရိုက်ယူလို့ မရသူများ https://www.polysolve.com ကနေတဆင့်သွား လိုက်ပါ။
1. GPass Software Version 3 သည် အသုံးပြုသူများ လွယ်ကူချောမွေ့ စွာ သယ်ဆောင်အသုံးပြုနိုင်ပြီး၊ Install လည်း လုပ်စရာမလိုပါ။
2. “GPass.exe” file တစ်ခုသာပါဝင်သော folder တစ်ခုကိုသာ မိမိတို့ သိမ်းလိုသော CD-ROM, USB-Flash Drive အတွင်း၌သာ သိမ်းဆည်း၍ အသုံးပြုလိုသောအခါမှ ထို “GPass.exe” file ကို “Double click” လုပ်၍ GPass ကိုဖွင့်နိုင်သည်။
3. “GPass Version 3” ကိုအသုံးပြုစဉ်အတွင်း new version ထွက်လာလျှင်လည်း အသုံးပြုသူအား version အသစ်ကို upgrade လုပ်ရန် လာရောက်မေးမည်ဖြစ်ပြီး၊ upgrade လုပ်မည်ဆိုပါက upgrade file ကို download လုပ်ရပါမည်။ new version ကို upgrade လုပ်ပုံမှာ new version “GPass.exe” file ကို old version ၏ “GPass.exe” file အား overwrite လုပ်သွားခြင်း (သို့ ) အခြားတနေရာတွင် လမ်းကြောင်းပေး၍ သိမ်းနိုင်သည်။
4. GPass ကို Uninstall လုပ်ပုံမှာ “GPass.exe” file ကို delete လုပ်လိုက်ရုံပင်ဖြစ်ပါသည်။
Starting GPass (စတင်အသုံးပြုပုံ)
GPass icon ကို double click လုပ်၍ဖွင့်လိုက်သောအခါ GPass ၏ Main Window သည်သင်၏ Desktop ပေါ်တွင်ပေါ်လာမည်။ ပေါ်လာသည့် Main Window ထဲတွင် သင်အသုံးပြုလိုသည့် Browser ကို Double Click နှိပ်၍ အသုံးပြုနိုင်ပါသည်။ GPass ၏ Tray Icon သည်လည်း Taskbar ပေါ်ရှိ Windows Clock ၏အောက်ဘက်ရှိ Status Bar တွင်လည်း Ready ပြနေပြီဆိုလျှင် GPass ကိုအသုံးပြုနိုင်ပြီဖြစ်သည်။ အကယ်၍ GPass Tray Icon သည် မီးခိုးရောင်ဖြစ်နေပါက GPass သည် Internet နှင့် Connection ပြတ်တောက်၍ ကောင်းမွန်စွာ အလုပ်မလုပ်နိုင်သေးချေ။ ထိုအခါမျိုး၌ Internet Connection ကောင်းမကောင်း ပြန်စစ်၍ နောက်တစ်ခေါက်ပြန်ကြိုးစားသင့်သည်။ GPass အကြောင်းအသေးစိတ်သိလိုပါက ဒီကနေ PDF file ကိုယူလိုက်ပါခင်ဗျာ။ (ဟီးးး... ကျွန်တော့် Blog မှာကျော်တာခွတာတွေ အရမ်းများနေပြီလားမသိဘူး...်ကျော်တာတွေကြီးရေးနေလို့ လားမသိဘူး .. လူတောင်နည်းနည်း ကွချင်နေပြီ... ကျွန်တော်ကွသလို .. မိတ်ဆွေတို့ ကိုလည်း ကွစေချင်လို့  ဤ GPass အကြောင်း ကို တစေ့တစောင်းရေးသားလိုက်ရပါသည်။)
By Nyi Nyi <31.8.08> at nnyioo.googlepages.com
Windows Recovery System
(ဤအကြောင်းအရာသည် အကို itmen.myanmarbloggers.org မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။)
Computer ပြုပြင်သူများ၊ Service စင်တာများ မဖြစ်မနေသုံးရတော့မည့် နည်းပညာတစ်ခု ပေါ်ထွန်းလာပါပြီ။
Windows
Recovery စနစ်ကို ဟိုးအရင်ကတည်းက ကွန်ပျူတာဂျာနယ်မှာ ကာတွန်းပုံလေးနဲ့
ကြော်ငြာလေး ပါကတည်းက သတိထားမိတာပါ။ ဒါပေမဲ့ ဘယ်လိုလုပ်တယ်ဆိုတာ
တွေးလို့မရဘူး။ သူတို့က CD ခွေ သုံးရတယ်ဆိုတာပါတော့ သိပ်လည်း အထူး
စိတ်မ၀င်စားမိပါဘူး။ အလုပ်ရှုပ်တာကိုး။ ဒါပေမဲ့ ဟိုတစ်လောက မန္တလေး Alpha က
Windows ကို Recovery လုပ်ပေးတယ်။ ဘာ CD ခွေမှ မလိုဘူးလို့ ကြော်ငြာတော့မှ
အတော်လေးကို စိတ်ဝင်စားသွားမိပါတယ်။
သူငယ်ချင်းတစ်ယောက်ကလည်း
အဲဒီကြော်ငြာလေးကိုကြည့်မိပြီး အဲဒါဘယ်လိုလုပ်တာလည်းလို့ လာမေးပါတယ်။
ကျွန်တော်လည်း လုံးဝမစမ်းဘူးသေးမဲ့ ဖြစ်နိုင်ချေရှိတာလေးကို တွေးမိတယ်။
တကယ်တမ်းတော့ backup လုပ်တာပဲ ဖြစ်ရမယ်။ OS တင်ထားတဲ့ Partition ကို
backup လုပ်တာဖြစ်ရမယ်။ ပြီးတော့ အဲဒီဖိုင်ကို တခြားလုံခြုံတဲ့နေရာမှာ
သွားသိမ်းထားတာ ဖြစ်လိမ့်မယ်။ Windows တစ်ခုခုဖြစ်ရင် Windows မတက်ခင်
Restore လုပ်တဲ့ Program တက်လာပြီး Restore ပြန်လုပ်လိုက်လို့ OS
ပြန်ကောင်းသွားတာ ဖြစ်ရမယ်။ ဒါပေမဲ့ Backup လုပ်ပြီးနောက်ပိုင်း တင်ထားတဲ့
Program တွေကိုတော့ သိမ်းရမှာ မဟုတ်ဘူးလို့ ပြောမိပါတယ်။
စိတ်ထဲမှာတော့
Program တစ်ခုခုကို သုံးတာဖြစ်ရမယ်လို့ တွေးထားပါတယ်။ ဒါကြောင့်
အင်တာနက်ထဲမှာ ရှာကြည့်ပေမဲ့ ရှာလို့မတွေ့ဘူး။ တွေ့တဲ့ဟာတွေကလည်း
ဘာတွေမှန်းကို မသိပါဘူး။ ဒီလိုနဲ့ တစ်ရက်မှာ ကိုယ် Hard Disk Clone
ရိုက်ရင် သုံးနေကျ Acronis True Image ကို အသေးစိတ်လေ့လာကြည့်တော့မှ
သူ့ထဲမှာ Windows Recovery ပုံစံမျိုးလေး ပါတာကို တွေ့လိုက်တယ်။
အဲဒီတော့မှ တော်တော်လေးကို ခံပြင်းသွားတယ်။ ဘယ့်နှယ်
ကိုယ်ဖင်ခုထိုင်ထားတာကို ရွှေထုပ်မှန်း မသိတာကိုး။
နည်းလေးတွေ့တော့
ထုံးစံအတိုင်း Share လုပ်ချင်တယ်။ ဒါပေမဲ့ ဒီနည်းက တော်ရုံတန်ရုံမဟုတ်ဘူး။
အစတုန်းကတော့ သူများတွေလည်း ထိခိုက်ကုန်မှာမို့ မတင်တော့ဘူးလို့ကို
ဆုံးဖြတ်ထားတာပါ။ ဒါပေမဲ့ aungthu2006@gmail.com ညှော်တာနဲ့
တင်ရတော့မှာပါ။ Alpha ကတောင် ဒီနည်းလေးကို ဖွက်ထားပြီး ကြော်ငြာတွေလုပ်၊
စီးပွားရေးလုပ်စားနေတာ။ အဲဒါကြောင့် အသေးစိတ်ကိုတော့ မပြောတော့ပါဘူး။
သုံးရမဲ့ Program နဲ့ Concept လေး နည်းနည်းပဲ ပြောပါတော့မယ်။
ခွင့်လွှတ်နော်။ ပြီးတော့ ဒါတွေဟာ သာမန် user တွေအတွက် ခက်ခဲမှာမို့
Advanced User သမားတွေ အတွက်ပဲ ရည်ရွယ်တာလည်း ပါပါတယ်။ ဆရာသမားတွေအတွက်
အသေးစိတ်သိစရာမလိုဘူး ထင်ပါရဲ့။
ပထမဆင့်
အကောင်းဆုံးကတော့
Format ချ၊ Windows ပြန်တင်လိုက်ပါ။ ပြီးရင် Driver လောက်ပဲတင်ပါ။ Program
တွေကိုတော့ မတင်စေချင်ဘူး။ Backup Size ကြီးသွားမှာ မို့လို့ပါ။
ဒုတိယဆင့်
Acronis
True Image CD ကို Active ကနေ ၀ယ်လိုက်ပါ။ Install လုပ်ပါ။ သူ့ထဲမှာ Boot
ခွေ Burn တဲ့ Function ပါပါတယ်။ အဲဒါကို သုံးပြီး Boot ခွေလုပ်ပါ။ ပြီးရင်
အဲဒါနဲ့ Boot တက်ပါ။
တတိယဆင့်
Boot
ခွေနဲ့ တက်ပြီးရင် True Image အလိုလိုတက်လာပါလိမ့်မယ်။ သူ့ Interface
ပေါ်မှာ Backup ကို ရွေးပါ။ OS Partition ကို ရွေးပါ။ ပြီးရင် Backup
လုပ်ပါ။ ဒီနေရာမှာ အရေးကြီးတာ တစ်ခုရှိပါတယ်။ အဲဒီ Backup File ကို
ဘယ်နားမှာ သွားထားမလဲဆိုတဲ့ ကိစ္စပါပဲ။ Data Partition မှာ သွားထားလို့
ရပေမဲ့ ကိုယ့် PC က Public သုံးတာဆိုရင် အဲဒီဖိုင် ပျက်သွားမှာ
နည်းနည်းစိုးရိမ်ရပါတယ်။ အဲဒီအတွက် True Image က Secure Zone ဆိုတာကို
ဖန်တီးခွင်းပေးထားပါတယ်။ Secure Zone က Virtual Partition တစ်ခုဖြစ်ပြီး
OS ကတောင် Access လုပ်နိုင်ခွင့်မရှိတဲ့ Partition ပါ။ အဲဒီ Partition ကို
ဖန်တီးပြီး အဲဒီထဲမှာ Backup File ထည့်ရင် အကောင်းဆုံးပါ။ ဒါပေမဲ့ Secure
Zone ဖန်တီးလိုက်ပြီဆိုရင် True Image က HDD ရဲ့ MBR မှာ သူရဲ့ Program
Path သွားထည့်ပြီး Windows တက်တိုင်း True Image နဲ့ Recovery
လုပ်မယ်ဆိုရင် F11 နှိပ်ပါဆိုတဲ့ စာတန်းကြီး အမြဲတမ်းပေါ်နေပါလိ့မယ်။ ဒါဟာ
သုံးစွဲသူတွေအတွက် မျက်စိနောက်စရာဖြစ်နိုင်သလို ကိုယ်သုံးတဲ့ Program ရဲ့
နာမည်ကို တစ်ပါးသူမသိစေလိုတဲ့သူတွေအတွက် အဖြေထုတ်ပေးထားသလို
ဖြစ်နေနိုင်ပါတယ်။ ကျွန်တော်ကတော့ Data Partition ထဲမှာ သွားထည့်ပါတယ်။
စတုတ္ထဆင့်
ဒါဆိုရင်
Backup လုပ်ငန်းစဉ် ပြီးဆုံးသွားပါပြီ။ Customer ကို ပေးလိုက်လို့ ရပါပြီ။
နောက်ပိုင်း သူတစ်ခုခုဖြစ်လို့ Service ခေါ်ရင် အစောက Boot ခွေသုံးပြီး
Restore ပြန်လုပ်ပေးလိုက်ပါ။ စမ်းသပ်ချက်အရ 10 မိနစ်နီးပါးသာ
ကြာမြင့်ပါတယ်။
အပိုလုပ်ဆောင်ချက်များ
အဲဒီ
True Image မှာ Incremental Backup ဆိုတာ ပါပါသေးတယ်။ အပေါ်က
ပုံစံအတိုင်းသာ Restore လုပ်မယ်ဆိုရင် ကျွန်တော်တို့ Backup လုပ်ခဲ့တုန်းက
ပုံစံကိုပဲ ပြန်ရောက်သွားမှာပါ။ Customer တွေ အနေနဲ့ကျ
သူတို့သုံးစွဲခဲ့တဲ့ နောက်ဆုံး အခြေအနေကို ပြန်လိုချင်မှာပဲ။ အဲဒီအတွက်
Incremental Backup ကို On ထားလိုက်ပါ။ True Image က user က setting, data
တစ်ခုခု အသစ်ထည့်တိုင်း၊ ပြောင်းလဲတိုင်း backup ထဲကို အလိုလို
သွားရေးပါလိ့မ်မယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ လုံးဝ မကြိုက်ပါဘူး။ Space
ယူလွန်းတာရယ်၊ Windows Speed နှေးသွားတာရယ်ကြောင့်ပါ။
ကျော်တာခွတာ ၀ါသနာပါသူများအတွက်
လောလောဆယ် ဒါလေးကတော့ မပိတ်သေးဘူးခင်ဗျ.. ကျော်ချင်ရင် ခွချင်ရင် http://www.proxy.yesbos.com/, https://www.polysolve.com ကို နှိပ်သာနှိပ်ထည့်လိုက်... အင်း ဒါလေးတွေလဲ ဘယ် နေ့  Burn မလဲ မသိဘူး.. ဟူးးးးးးးးးးးး နောက်ထပ်ရှိသေးတယ်ဗျို့ >>>့ http://www.mcola.com, http://www.mcola.net
အားရပါးရကျော်ကြပါဗျို့ ...
အသုံးအများဆုံး Proxy Software List များ
- Your Freedom
- Ultrasurf ( New Version 9.1 ထွက်ပြီဗျို့ )
- PhProxy
- Multi proxy
- Freegate6.7Professional
- GPass
အထက်မှာဖော်ပြထားတဲ့ List ထဲမှ Freegate Proxy Software လေးနဲ့ မိတ်ဆက် ပေးပါရစေ... ဒီ software လေးက File Size 141 KB ပဲရှိပါတယ်။ Install လုပ်စရာ လည်း မလိုပါ။ Ultrasurf ကို အသုံးပြုတဲ့ပုံစံအတိုင်းပါပဲ။ သူရဲ့ .exe File မှာ Double Click နှိပ်လိုက်တာနဲ့  Auto run ပြီး သူနဲ့ သက်ဆိုင်တဲ့ Tunnel တွေကို လိုက်ချိတ် တော့တာပဲ၊ ချိတ်ဆက်လို့ မိပြီဆိုတာနဲ့  Internet Explorer Browser တန်းပြီးပွင့်လာ ပါတယ်... IE Browser တက်လာပြီဆိုရင်တော့... ဟင်း.. သိတယ်မလား၊ ကြည့်ချင် တာတွေအကုန်ကြည့်လို့ ရပြီဗျို့ ... တခြား Browser တွေနဲ့ ကြည့်ချင်တဲ့ သူက ကြည့်မဲ့ Browser မှာ Proxy Setting Change ပေးဖို့ လိုပါလိမ့်မယ်။ ပြောင်းရမယ့် Setting ကိုသိချင်ရင် Freegate software ရဲ့ Status Menu မှာနှိပ်ပါ၊ ဖတ်ပါ၊ ပြီးရင် ပြောင်းလိုက်ပါ OK လို့ စိုပြေသွားပါလိမ့်မယ်... (မှတ်ချက်။ ။ Connection Slow Down ဖြစ်နေချိန်ဆိုရင် ချိတ်ဆက်ရတာ ခက်တာ ကိုတွေ့ ရှိရပါတယ်)
Face Recognition Login Software-Protect Computer
ဒီလိုဗျ Windows Vista ကို Login ၀င်တဲ့အခါမှာ ပုံမှန်အားဖြင့် password ရိုက်ထည့် ရ တယ်မလား။ ဒီ veriface ဆိုတဲ့ sofware လေးကို သုံးထားမယ် ဆိုရင် Login ၀င်တဲ့အခါမှာ password ရိုက်စရာမလိုဘဲ သင်၏ မျက်နှာသာပြလိုက်ပါဗျာ ဒါဆို Auto Login ၀င်သွားရော... မိုက်တယ်မလား.. ဒါပေမဲ့ သင့်ဘက်ကတော့ WebCam ပါတဲ့ Laptop ကို သုံးမှ အဆင်ပြေမှာနော်... လောလောဆယ်တော့ Desktop မှာ စမ်းကြည့်တာ မရဘူး Laptop မှာတော့ အဆင်ပြေတယ်.. စမ်းသုံးချင်ရင်.. ဒီမှာ ယူလိုက်နော်...
Virus
ဟုတ်ကဲ့... အခုတလော virus နဲ့ ပတ်သက်တဲ့ ပြဿနာလေးတွေ ကြုံနေကြရပါတယ် အဲဒီ.. new virus လေးတွေကတော့ svchost (W32.FillyFDC - Music Folder icon), killVBS.vbs, thG.exe တို့ ဖြစ်ပါတယ်... မိတ်ဆွေတို့ စီကို အဲဒါလေးတွေ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြီ ဆိုရင်တော့ ဒီမှာ နှိပ်ပြီး လေ့လာကြည့်လိုက်ပါ...
Autorun Virus တွေပါတဲ့ Memorystick တွေကြောင့် သင်အခက်တွေ့ နေပြီလား ကိုယ့်ရဲ့ စက်မှာ Memorystick ကိုထိုးလိုက်ခါရှိသေးတယ် virus က auto ၀င်သွား တာလေးတွေ ကြုံကောင်းကြုံဖူးကြမယ်ထင်ပါတယ်..အဲဒီလို ရန်မှ ကာကွယ်ချင်တယ် ဆိုရင် CPE17 Autorun Killer (AntiAutorun) လေးနဲ့ မိတ်ဆက်ပေးပါရစေ.. စမ်းသုံးချင်ရင် ဒီလင့် ကနေယူလိုက်ပါခင်ဗျာ။ <information from IT Men>
Kaspersky သမားတွေ BlackList ဖြစ်နေရင် ဒီမှာ ယူလိုက်ပါဗျို့ ... Download လုပ်မဲ့သူတွေကို တစ်ခုသတိပေးချင်တာက ဒီ Key နဲ့ automatic update မလုပ်ကြပါနဲ့။ automatic update လုပ်တဲ့အခါ သူတို့ဆီကို Key တွေ ရောက်သွားပါတယ်။ စက်နှစ်လုံးက Key တစ်ခုတည်း သုံးနေတာတွေ့ရင် သူတို့က အဲဒီ key ကို blacklist လုပ်ပစ်ကြတာခင်ဗျ။ ဒါကြောင့် manual update ပဲ လုပ်ပါလို့ တောင်းပန်ချင်ပါတယ်ခင်ဗျာ။
Kapsersky က မသိတဲ့ Virus တွေကို တွေ့ရင် newvirus@kaspersky.com ကို အဲဒီ Virus ပို့လိုက်ပါ။ နောက်ထွက်တဲ့ Update မှာ အဲဒီ Virus ကို သိသွားပါလိမ့်မယ်။
Gtalk ကနေ ဖုန်းအလကားခေါ်ရအောင်
(ဤအကြောင်းအရာသည် အကို itmen.myanmarbloggers.org မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။)
Voip
လို့ခေါ်တဲ့ service တွေ အရမ်းကို ခေတ်စား လာပါတယ်။ အင်မတန်မှ
ဈေးချိုချိုနဲ့ ဆက်သွယ်မှုတွေကို အင်တာနက်မှ တဆင့်ပြုလုပ်နိုင်ခဲ့တာ
ကြာပါပြီ အခုတစ်ခါမှာတော့ နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ
ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးကို မိတ်ဆက်ပေးပါရစေ ခင်ဗျာ။ ဆက်သွယ်လို့ ရတဲ့
နိုင်ငံ ၃၀ ကို အရင်ပြောပါမယ်။
Country name - Country code - Dialing code
Argentina AR +54
Australia AU +61
Austria AT +43
Belgium BE +32
Canada CA +1
Chile CL +56
China CN +86
Czech Republic CZ +420
Denmark DK +45
El Salvador SV +503
Finland FI +358
France FR +33
Germany DE +49
Hong Kong HK +852
Hungary HU +36
Ireland IE +353
Israel IL +972
Italy IT +39
Latvia LV +371
Lithuania LT +370
Luxembourg LU +352
Mexico MX +52
Netherlands NL +31
Norway NO +47
Peru PE +51
Poland PL +48
Romania RO +40
Slovakia SK +421
Slovenia SI +386
Spain ES +34
Sweden SE +46
Switzerland CH +41
United Kingdom GB +44
United States US +1
ဒီထဲမှာ မြန်မာ နဲ့ စင်ကာပူ မပါလို့ စိတ်မကောင်းဖြစ်နေကြသူများ ဒီမှာ စာရင်းပေးသွင်းနိုင်ပါပြီ။အသုံးပြုပုံကို အောက်မှာ တစ်ဆင့်ချင်း ရှင်းပြထားပါတယ်။
၁။ Google Talk ကိုဖွင့်ပါ။
၂။ ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။
၃။
အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။
gmail.com နေရာမှာ talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။
(phonenumber@talkster.gtalk2voip.com) ဥပမာ: for UK, use
442071234567@talkster.gtalk2voip.com or for USA , use
12125551212@talkster.gtalk2voip.com
Talkster မှ ပေးပို့တဲ့
confirmation ကို instructions တွေနဲ့ အတူ မြင်ရပါလိမ့်မယ်။ တဘက်မှ
သင်ဆက်သွယ်ချင်တဲ့သူသုံးဖို့ local Talkster number တစ်ခုကို ရရှိလာမှာ
ဖြစ်ပါတယ်။ သူ့အနေနဲ့ အဲဒီနံပါတ်ကို ဖုန်းပြန်ခေါ်ဆိုရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ မရှင်းတဲ့ သူတော်တော်များများရှိလို့ ထပ်ပြောပြပါမယ်။ အဲဒီ
နံပါတ်က ကိုယ့် ဂျီတော့အိုင်ဒီကို အဲဒီသူက အဲဒီနိုင်ငံကနေ
ဖုန်းပြန်ခေါ်လို့ ရအောင် စီစဉ်ထားတာပါ။ Call back system သုံးဘူးတဲ့သူဆို
သိပါတယ်။ ကိုယ်က ဒီကနေ ခေါ်လိုက်တာနဲ့ သူ့ဖုန်းမှာ အဲဒီ နံပါတ်ပေါ်ပါတယ်။
ဆယ်စက္ကန့်ပြီးလို့ ကျသွားတာနဲ့ သူက အဲဒီ နံပါတ်ကို ပြန်ခေါ်လိုက်ရုံပါပဲ။
လွယ်ပါတယ်။ တကယ်လို့ သူ့ဖုန်းမှာ နံပါတ်မပေါ်ရင် ကိုယ်က တနည်းနည်းနဲ့
ပို့ပေးပေါ့ဗျာ။ ဂျီမေးလ် ကိုတော့ အမြဲ အွန်ထားဖို့ လိုပါမယ်။
တကယ်လို့
mobile phone ကိုဆက်တာဖြစ်ခဲ့မယ်ဆိုရင်, သူ့အနေနဲ့ SMS ကတစ်ဆင့်
သင့်ကိုပြန်လည်ဆက်သွယ်ရန် Talkster call-in number
တစ်ခုကိုရရှိမှာဖြစ်ပါတယ်။ မရသေးဘူးဆိုရင် Talkster number ကို IM
ဒါမှမဟုတ် email နဲ့ပေးပို့နိုင်ပါတယ်။Make calls from your Google Talk
Google Talk Contact List က ကိုယ်ဆက်ချင်တဲ့ နံပါတ်ကို select လုပ်ပါ
Call button ကို Click လုပ်ပြီး စတင်ခေါ်ဆိုပါ။
Talkster က သင်ဆက်သွယ်လိုတဲ့ နံပါတ်ကို gtalk ကတဆင့် ဆက်သွယ်ပေးပါလိမ့်မယ်။
တကယ်လို့
တဘက်လူက ဖုန်းကိုင်ခဲ့မယ်ဆိုရင် သူစကားပြောဖို့ အားရဲ့လား ဆိုတာကို
စစ်ဆေးဖို့ 10 seconds အချိန်ရမှာဖြစ်ပါတယ်။ သူ့ကို ဖုန်းချပြီး သင့်အတွက်
ရထားတဲ့ Talkster local phone number ကို ပြန်ခေါ်ခိုင်းပါ။
သူပြန်ခေါ်တာကို စောင့်စားနေပါ။ (တကယ်လို့ သူပြန်ခေါ်ရမယ့် သင့်နံပါတ်ကို မသိသေးဘူးဆိုရင် တစ်နည်းနည်းနဲ့ ဆက်သွယ်ပေးပို့ပါ)
သူပြန်ခေါ်တဲ့ အချိန်ကစပြီး သင့်အနေနဲ့ ကြိုက်သလောက် စကားပြောဆိုလို့ ရပြီဖြစ်ပါတယ်။
ပြီးသွားရင် ဖုန်းချလိုက်ရုံပဲပေါ့။
တဘက်လူကို
အဲဒီ Talkster call-in number လေးကို သိမ်းထားဖို့ သတိပေးပါ။ သူက သင့်
Google Talk ကို ဖုန်းနဲ့ခေါ်ဆိုလိုတိုင်း အဲဒီ နံပါတ်ကို အသုံးပြု
ဆက်သွယ်နိုင်ပါပြီ။
no catches, no limits, and no conditions! လို့
သူတို့က ဆိုထားပါကြောင်းခင်ဗျား။Helpful Hintsဒီ service လေးကို သုံးဖို့
တဘက်လူမှ Caller ID ကိုဖွင့်ထားပေးဖို့လိုပါမယ်။ ဒီနည်းလမ်းနဲ့ တဘက်ကလူကို
အဲဒီ service မှ မှတ်မိသိရှိပြီး ဆက်သွယ်ပေးနေတာ ဖြစ်လို့ပါပဲ။login တွေ
password တွေမလိုတဲ့ လွယ်ကူစွာ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း
သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ။အသေးစိတ် သိလိုသေးရင်တော့ www.talkster.com ကို သွားရောက် ဖတ်ရှုနိုင်ပါသည် ခင်ဗျား။မြန်မာများ ဆက်သွယ်ရေး လွယ်ကူချောမွေ့နိုင်ကြပါစေ ခင်ဗျား။
PDF နဲ့ ရယူလိုရင် ဒီက
ယူပါ။မှတ်ချက်။ ဘယ်အရာမှ အလကားမရဘူး ဆိုတဲ့ အတိုင်း ဒီစံနစ်ကို သုံးတဲ့
သူတွေမှာ ဂျီတော့သမားက ပိုက်ဆံမကုန်ပေမယ့် ဖုန်းနဲ့ပြန်ဆက်ရတဲ့သူက
ပိုက်ဆံဖြတ်ခံရကြောင်း ကြားသိရပါတယ်ခင်ဗျာ။ ဒါပေမယ့် ဘာပဲပြောပြော
လိုအပ်ချက်ရှိလာရင်တော့ အသုံးပြုနိုင်တာမို့ အသုံးဝင်နေဦးမယ်လို့
ထင်ပါတယ်။ စီးပွားရေးသမားတွေရဲ့ လှည့်ကွက်တစ်မျိုးပဲ လို့သာ သင်ခန်းစာ
ယူကြပေတော့ဗျို့ :Pမှတ်ချက် update။ ကျွန်တော်ထပ်သိရတဲ့ သတင်းအရ ပိုက်ဆံ
ဖြတ်တာက ဟိုဘက်ကသုံးနေတဲ့ ဖုန်းကဒ်နဲ့ ဆိုင်တယ် ဆိုပဲဗျ။ ဒါပေမယ့် စနေ၊
တနင်္ဂနွေဆို ဘယ်နိုင်ငံ ဘယ်ကဒ် ဖြစ်ဖြစ် ပိုက်ဆံ မဖြတ်ဘူးလို့ သိရပါတယ်။
စမ်းကြည့်လိုက်ကြပါဦး။
By IT Men at itmen.myanmarbloggers.org










